ဗျာဒိတ်ကျမ်း 2:13
သင်အကျင့်ကျင့်ခြင်းကို၎င်း၊ စာတန် ၏ ရာဇပလ္လင် ရှိရာ အရပ် တည်းဟူသောသင်၏နေရာ အရပ် ကို၎င်း ငါသိ ၏။ စာတန် ၏ နေရာ အရပ် ၌ သင် တို့တွင် အသေ သတ်ခြင်းကိုခံရသော အန္တိပ သည် သစ္စာရှိ ၍ ငါ့ ဘက်၌သက်သေခံ ရသောနေ့ရက် ကာလတွင် ပင်၊ သင်သည်ငါ ၏နာမ ကို စွဲကိုင် ၏။ ငါ ၏ယုံကြည် ခြင်းတရားကို မ စွန့် မပယ်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Matthew 10:23တစ်မြို့ ၌ သင် တို့ကိုညှဉ်းဆဲ လျှင် တစ်မြို့ သို့ ပြေး ကြလော့။ ငါအမှန် ဆို သည်ကား၊ ဣသရေလ မြို့ ရွာ ရှိသမျှတို့ကို သင်တို့ လှည့်လည်၍ မ ကုန် မှီ လူ သား သည်ကြွလာ လိမ့်မည်။
Luke 21:17လူအပေါင်း တို့သည်လည်း ငါ ၏နာမ ကြောင့် သင်တို့ကိုမုန်း ကြလိမ့်မည်။
Acts 22:20ကိုယ်တော် ၏ သက်သေခံ ဖြစ်သော သတေဖန် ၏ အသွေး ကို သွန်း သောအခါ အကျွန်ုပ် သည် အနား၌ နေ လျက်၊ ကွပ်မျက်ခြင်း အမှုကို ဝန်ခံ ၍၊ ကွပ်မျက် သော သူ တို့၏ အဝတ် ကိုစောင့် နေပါ၏ဟု၊
1 Timothy 5:8မိမိလူတို့ကိုမပြုစု၊ ထိုမျှမက၊ မိမိ အိမ်သူ အိမ်သားတို့ကို မ ပြုစုသောသူမည်သည်ကား ၊ ယုံကြည် ခြင်းတရားကို ငြင်းပယ် ၏။ မယုံကြည် ဘူးသော သူထက်သာ၍ယုတ်မာ၏ ။
2 Timothy 2:12သည်းခံ လျှင် ၊ ထိုသခင်နှင့်အတူစိုးစံ လိမ့်မည်။ ထိုသခင်ကို ငါတို့သည် ငြင်းပယ် လျှင် ၊ ငါ တို့ကို ငြင်းပယ် တော်မူလိမ့်မည်။
Hebrews 10:23မြော်လင့် ခြင်းအကြောင်းကို ဝန်ခံ ၍ မတိမ်းယိမ်း မရွေ့လျော့ဘဲ တည်ကြည် ကြကုန်အံ့အကြောင်းမူကား ၊ ဂတိ ထားတော်မူသော သူ သည် သစ္စာ နှင့်ပြည့်စုံတော်မူ၏