ဗျာဒိတ်ကျမ်း 21:1
ကောင်းကင် သစ် နှင့် မြေကြီး သစ် ကိုလည်း ငါမြင် ၏။ အဘယ်သို့ နည်းဟူမူကား၊ ရှေး ကောင်းကင် နှင့် ရှေး မြေကြီး သည် ရွေ့သွား ကြပြီ။ ထိုအခါ မှစ၍သမုဒ္ဒရာ မ ရှိ ။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Isaiah 27:1ထို ကာလ ၌ ထာဝရဘုရား သည် ပြေးတက် သော မြွေ လဝိသန် ကို ၎င်း၊ လိမ် သောမြွေ လဝိသန် ကို ၎င်း ခိုင်ခံ့ ကြီးမား သော ထား တော်နှင့် ဒဏ် ပေး၍ ၊ ပင်လယ် ၌ ရှိသော နဂါး ကိုလည်း သတ် တော်မူလိမ့်မည်။
Isaiah 65:17ကြည့်ရှု လော့။ မိုဃ်း ကောင်းကင်သစ် နှင့် မြေကြီး သစ် ကို ငါ ဖန်ဆင်း မည်။ အရင် မိုဃ်းကောင်းကင်နှင့်မြေကြီးကို မ အောက်မေ့ ရ။ နှလုံး မ မှတ်မိ ရ။
Daniel 7:3သဏ္ဌာန်ချင်းမ တူသော သားရဲ လေး ကောင်တို့ သည် သမုဒ္ဒရာ ထဲက ထွက် လာကြ၏။ ပဌမ သားရဲသည် ခြင်္သေ့ နှင့် တူ၏။ ရွှေလင်းတ အတောင် လည်း ရှိ၏။
2 Peter 3:13ယခုရှိသမျှသောအရာတို့သည် ပျက်ရသော်လည်း ၊ ဖြောင့်မတ် ခြင်းတရားတည်နေရာမိုဃ်း ကောင်းကင်သစ် နှင့် မြေကြီး သစ် ကို ငါတို့သည် ဂတိ တော် နှင့်အညီ မြော်လင့် ကြ၏။
Revelation 20:11တစ်ဖန်တုံ ၊ ဖြူ သောပလ္လင် ကြီး ကို၎င်း ၊ ပလ္လင် ပေါ်မှာ ထိုင် တော်မူသောသူ ကို၎င်း ငါမြင် ၏။ ကောင်းကင် နှင့် မြေကြီး သည် မျက်နှာ တော်ရှေ့မှ ပြေး လွင့်၍ သူ တို့နေစရာအရပ် မ ရှိ ။