Isaiah 27:1
ထို ကာလ ၌ ထာဝရဘုရား သည် ပြေးတက် သော မြွေ လဝိသန် ကို ၎င်း၊ လိမ် သောမြွေ လဝိသန် ကို ၎င်း ခိုင်ခံ့ ကြီးမား သော ထား တော်နှင့် ဒဏ် ပေး၍ ၊ ပင်လယ် ၌ ရှိသော နဂါး ကိုလည်း သတ် တော်မူလိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
2ထို ကာလ ၌ စပျစ် ဥယျာဉ်ကို အကြောင်း ပြု၍၊ ဤသို့သီချင်း ဆိုကြလော့။
Cross References
Job 3:8နေ့ ရက်ကိုရွေး၍ ကျိန်ဆဲ တတ်သောသူ၊ မိကျောင်း ကို ထ စေတတ်သောသူတို့သည် ထိုညဉ့်ကို ကျိန်ဆဲ ပါစေ။
Job 26:13ဝိညာဉ် တော်အားဖြင့် မိုဃ်း ကောင်းကင်တန်ဆာများကိုပြင် ၍၊ လျင်မြန်သော နဂါး ကိုလည်း ဖန်ဆင်းတော်မူ၏။
Psalms 45:3တန်ခိုး ကြီး သောအရှင် ၊ ဘုန်း အသရေတော် ဖြစ်သော ကိုယ်တော် ၏ထား ကို ပေါင် တော်၌ စည်း တော်မူပါ။
Psalms 104:26ထို အရပ်၌ သင်္ဘော တို့သည် သွား လာကြပါ၏။ ထို အရပ်၌ ကွန့်မြူးစေခြင်းငှါဖန်ဆင်းတော်မူသောငါးကြီးလဝိသန်သည်လည်း ရှိပါ၏။
Isaiah 34:5အကြောင်း မူကား၊ ငါ့ ထား သည် မိုဃ်းကောင်းကင် ၌ ရောင့်ရဲ ပြီးမှ၊ တဖန် ဧဒုံ ပြည် အပေါ်မှာ၎င်း၊ ငါ ကျိန် သောလူ များတို့အပေါ် မှာ၎င်း၊ ဒဏ် ပေးခြင်းငှါရောက်လိမ့်မည်။
Isaiah 65:25တောခွေး နှင့် သိုးသငယ် တို့သည် အတူကျက်စား ကြလိမ့်မည်။ ခြင်္သေ့ သည်နွား ကဲ့သို့ မြက် ကိုစား လိမ့်မည်။ မြွေ မူကား ၊ မြေမှုန့် ကိုသာ စား ရလိမ့်မည်။ ငါ ၏ သန့်ရှင်း သောတောင် တပြင် လုံး၌ အချင်းချင်းညှဉ်းဆဲ ခြင်း၊ ဖျက်ဆီး ခြင်းကို မ ပြုရကြဟု ထာဝရဘုရား မိန့် တော်မူ ၏။