ဗျာဒိတ်ကျမ်း 21:23
ထိုမြို့ သည် နေ ၏အရောင်၊ လ ၏ အရောင်ကို အလို မ ရှိ ။ အကြောင်းမူကား ၊ ဘုရားသခင် ၏ ဘုန်း တော်သည် ထိုမြို့ ကို လင်း စေ၏။ သိုးသူငယ် သည်လည်း ထိုမြို့ ၏ ဆီမီး ဖြစ်၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Isaiah 2:19ထာဝရဘုရားသည် မြေကြီး ကိုချောက် လှန့်အံ့သောငှါ ထ တော်မူသောအခါ ၊ ထိုဘုရားကိုကြောက်ခြင်းအရှိန်၊ ဘုန်း တန်ခိုးအာနုဘော် တော်အရှိန်ကြောင့် လူတို့သည် ကျောက် တွင်း ၊ မြေ တွင်း ထဲသို့ ဝင် ကြလိမ့်မည်။
Isaiah 24:23လ သည်လည်း မျက်နှာပျက် လိမ့်မည်။ နေ သည် လည်း အရှက် ကွဲလိမ့်မည်။ အကြောင်း မူကား၊ ကောင်းကင် ဗိုလ်ခြေ အရှင်ထာဝရဘုရား သည်၊ ဇိအုန် တောင် ပေါ် မှာ ယေရုရှလင် မြို့၌ မင်းပြု ၍ ၊ အသက်ကြီး သူတို့ ရှေ့ တွင်ဘုန်းကြီး တော်မူလတံ့။
Habakkuk 3:3ဘုရား သခင်သည် တေမန် မြို့မှ ၎င်း ၊ သန့်ရှင်း သော ဘုရားသည် ပါရန် တောင် မှ ၎င်း ကြွ တော်မူ၏။ ဘုန်း တော်သည် မိုဃ်းကောင်းကင် ကို ဖုံးအုပ် လျက် ၊ မြေကြီး သည် ဂုဏ် အသရေတော်နှင့် ပြည့်စုံ လျက် ရှိ၏။
Mark 8:38“မျောက်မထား သော ဤ လူမျိုး ဆိုး တွင် အကြင်သူ သည် ငါ့ ကို၎င်း ၊ ငါ့ စကား ကို၎င်းရှက် ၏။ လူ သား သည် မိမိ အဘခမည်းတော် ၏ ဘုန်း အာနုဘော်ကို ဆောင် လျက်၊ သန့်ရှင်း သော ကောင်းကင် တမန် အခြံအရံတို့နှင့် ကြွလာ သောအခါ ထိုသူ ကို ရှက် တော်မူလတံ့။
John 1:4ထိုနှုတ်ကပတ် တော်၌ အသက် ရှိ ၏။ ထိုအသက် သည်လည်း လူ တို့၏အလင်း ဖြစ် ၏။
John 1:14နှုတ်ကပတ် တော်သည်လည်း လူ့ ဇာတိအဖြစ် ကို ခံယူ၍၊ ကျေးဇူး တော်နှင့် ၎င်း၊ သစ္စာ တော်နှင့်၎င်း ပြည့်စုံ လျက် ငါ တို့တွင် တည်နေ တော်မူသည်ဖြစ်၍၊ ခမည်းတော် ၌ တစ်ပါးတည်း သောသားတော်၏ ဘုန်း ကဲ့သို့ သူ ၏ဘုန်း တော်ကို ငါတို့သည် မြင် ရကြပြီ။