ဗျာဒိတ်ကျမ်း 21:22
မြို့ ထဲ၌ ဗိမာန် တော်ကိုငါမ မြင် ၊ အကြောင်းမူကား ၊ အနန္တ တန်ခိုးနှင့် ပြည့်စုံတော်မူသော ထာဝရ အရှင် ဘုရားသခင် နှင့် သိုးသူငယ် သည် ထိုမြို့ ၏ ဗိမာန် ဖြစ် တော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
And I saw no temple therein: for the Lord God Almighty and the Lamb are the temple of it.
In Context
Cross References
1 Kings 8:27သို့ရာတွင် ဘုရားသခင် သည် မြေကြီး ပေါ် မှာ ဧကန် အမှန်ကျိန်းဝပ် တော်မူမည်လော။ ကောင်းကင် နှင့် ကောင်းကင် တကာတို့၏ အထွဋ်အမြင့်ဆုံးသော ကောင်းကင် သည် ကိုယ်တော် ကို မ ဆံ့ မခံနိုင်သည် ဖြစ်၍၊ အကျွန်ုပ်တည်ဆောက် သော ဤ အိမ် ကို အဘယ် ဆိုဘွယ်ရာရှိပါသနည်း။
2 Chronicles 6:18သို့ရာတွင် ဘုရားသခင် သည် မြေကြီး ပေါ် မှာ လူ တို့တွင် ဧကန် အမှန်ကျိန်းဝပ် တော်မူမည်လော။ကောင်းကင် နှင့် ကောင်းကင် တကာတို့၏အထွဋ်၊ အမြင့်ဆုံး သော ကောင်းကင်သည်ကိုယ်တော် ကို မ ဆံ့ မခံနိုင်သည်ဖြစ်၍၊ အကျွန်ုပ်တည်ဆောက် သော ဤ အိမ် ကို အဘယ် ဆိုဘွယ်ရာရှိပါသနည်း။
John 2:19ယေရှု ကလည်း ၊ ဤ ဗိမာန် တော်ကို ဖြိုဖျက် ကြလော့။ သုံး ရက် အတွင်း တွင် ငါတည်ဆောက် မည် ဟု မိန့် တော်မူ၏။
John 4:23ကိုးကွယ် သောသူမှန် သမျှတို့သည် ခမည်းတော် ကို နံ ဝိညာဉ်နှင့် ၎င်း၊ သစ္စာ တရားနှင့် ၎င်း၊ ကိုးကွယ် ရမည့်အချိန် ကာလသည်လာ ၍ ယခုပင် ရောက်လျက်ရှိ ၏။ အကြောင်းမူကား ၊ ထိုသို့ ကိုးကွယ် သောသူ တို့ကို ခမည်းတော် သည် အလိုရှိ တော်မူ၏။
John 13:32ဘုရားသခင် သည် လူသားအားဖြင့် ဘုန်း တော်ထင်ရှားခြင်းရှိလျှင် ၊ ဘုရားသခင် သည် ကိုယ်တော် တိုင်အားဖြင့် သူ ၏ဘုန်း ကို ထင်ရှားစေတော်မူလိမ့်မည်။
Colossians 2:9အကြောင်းမူကား ၊ ဘုရားသခင် ၏ ဇာတိအဖြစ်တော်၏ ပြည့်စုံ ခြင်းအပေါင်း သည် ခရစ်တော် ၌ ကိုယ် ထင်ရှား၍ ကျိန်းဝပ် တော်မူ၏။။