ဗျာဒိတ်ကျမ်း 22:12
ငါသည်အလျင်အမြန်လာမည်။ ငါသည် အကျိုး အဖြစ်ကို ဆောင်ခဲ့သည်ဖြစ်၍၊ လူအသီးသီးတို့အား မိမိတို့အကျင့်အတိုင်း ဆပ်ပေး မည်။
1835 Judson Burmese Bible
In The King James Version
In Context
13ငါသည် အာလဖဖြစ်၏ ဩမေဃလည်းဖြစ်၏။ အဦးဆုံးသောသူ၊ နောက်ဆုံးသော သူဖြစ်၏။ အစနှင့် အဆုံးလည်း ဖြစ်၏။
Cross References
Isaiah 40:10ကြည့်ရှုလော့။ အရှင်ထာဝရဘုရားသည်၊ ကြီး သော တန်ခိုးနှင့် ကြွလာ၍၊ လက်ရုံးတော်အားဖြင့် အစိုးရ တော်မူလိမ့်မည်။ မိမိခံတော်မူထိုက်သောအခ မိမိ၌ ပါလျှက်၊ ဆုလပ်တော်သည် ရှေ့တော်၌ ရှိ၏။
Zephaniah 1:14ထာဝရဘုရား၏နေ့ကြီးနီးပြီ။ နီးပြီ။ အလျင် အမြန်လာ၏။ ထာဝရဘုရား၏ နေ့သိတင်းသည် နား၌ ခါး၏။ ထိုနေ့၌ သူရဲသည် အော်ဟစ်လိမ့်မည်။
Romans 2:6ဘုရားသခင်သည် လူအသီးသီးတို့အား မိမိတို့ အကျင့်နှင့် အလျောက်အကျိုးအပြစ်ကို ဆပ်ပေးတော် မူလတံ့၊
1 Corinthians 3:8သို့သော်လည်း၊ စိုက်ပျိုးသောသူနှင့် ရေလောင်း သောသူသည် တလုံးတဝတည်းဖြစ်၍၊ အသီးအသီး မိမိ လုပ်သည်အတိုင်း မိမိအကျိုးကို ခံရလိမ့်မည်။
1 Corinthians 9:17သို့ဖြစ်၍ အမှုတော်ကို အလိုအလျောက် ဆောင်ရွက်လျှင် အကျိုးရှိ၏။ ကိုယ်အလိုကိုငြင်းဆန်၍ ဆောင်ရွက်လျှင် အရာတော်၌ ခန့်ထားသောသူဖြစ်၏။
Revelation 20:12သေလွန်သောသူ အကြီးအငယ်တို့သည် ပလ္လင် တော်ရှေ့မှာ ရပ်နကြသည်ကို ငါမြင်၏။ စာစောင်များ ကို ဖွင့်ထား၏ အသက်စာစောင်တည်းဟူသော အခြား တပါးသော စာစောင်ကိုလည်း ဖွင့်လေ၏။ သေလွန် သောသူတို့သည် မိမိတို့အကျင့်အတိုင်း၊ စာစောင်တို့၌ ရေးထားချက်များနှင့်အညီ တရားစီရင် ခြင်းကို ခံရကြ၏။