ရောမဩဝါဒစာ 1:28
ထိုသူတို့သည် ဘုရားသခင် ကို မ သိ မမှတ် လို သည်ဖြစ်၍ ၊ မ လျောက်ပတ် သော အမှု ကို ပြု စေမည် အကြောင်း၊ ဘုရားသခင် သည် သူ တို့ကို မောဟ လက် သို့ အပ် လိုက်တော်မူသည်နှင့်အညီ ၊
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Proverbs 1:7ထာဝရဘုရား ကို ကြောက်ရွံ့ သောသဘောသည် ပညာ ၏အချုပ် အခြာဖြစ်၏။ လူမိုက် တို့သည် ပညာ နှင့် ဥပဒေသ ကို မထီမဲ့မြင် ပြုတတ်ကြ၏။
Proverbs 1:29အကြောင်း မူကား၊ သူတို့သည် ပညာ အတတ်ကိုမုန်း ကြ၏။ ထာဝရဘုရား ကို ကြောက်ရွံ့ သော သဘောကို အလို မ ရှိကြ။
Proverbs 17:16မိုက် သောသူသည် ပညာ ကိုအလို မ ရှိသည် ဖြစ်၍ ၊ ပညာ အဘိုးကို အဘယ် ကြောင့်သူ၌အပ်ရ သနည်း။
Jeremiah 6:30ထိုသူ တို့ကို ပယ် သော ငွေ ဟူ၍ ခေါ် ရမည်။ ထာဝရဘုရား သည် ပယ် တော်မူ၏။
Ezekiel 14:5ထိုသို့ သောအားဖြင့်၊ ဣသရေလ အမျိုး ကို သူ တို့ စိတ် သဘောရှိသည်နှင့်အညီငါဘမ်း မည်။ ထို သူအပေါင်း တို့သည် မိမိ တို့ရုပ်တု များကြောင့် ငါ နှင့် ကွာဝေး ကြပြီ။
Acts 17:23လမ်း ၌သွား၍ သင် တို့၏ ဘုရား များကို ကြည့်ရှု သည်တွင်၊ ငါတို့ မ သိသော ဘုရားသခင် အဘို့ဟူ၍အက္ခရာတင် သောယဇ်ပလ္လင် တစ်ခုကို တွေ့ ပါ၏။ သင်တို့ သည် မ သိဘဲလျက် ကိုးကွယ် သော ဘုရားသခင်၏ အကြောင်း ကို ငါ ဟောပြော ၏။