ရောမဩဝါဒစာ 11:36
ခပ်သိမ်း သောအရာတို့သည် ကိုယ်တော် အထဲ က၎င်း ၊ ကိုယ်တော် အားဖြင့် ၎င်း ၊ ကိုယ်တော် အဘို့ အလိုငှာ၎င်း ဖြစ်ကြ၏။ ကမ္ဘာ အဆက်ဆက်ဘုန်းကြီး တော်မူစေသတည်း။ အာမင်
မြန်မာကျမ်းစာ
In The King James Version
For of him, and through him, and to him, are all things: to whom be glory for ever. Amen.
In Context
35ကျေးဇူးဆပ် တော်မူရမည်အကြောင်း ၊ ထာဝရ ဘုရား၌ အဘယ်သူ သည် ကျေးဇူး ပြုဘူးသနည်း။
Cross References
1 Chronicles 29:11အိုထာဝရဘုရား ၊ ကိုယ်တော် သည် ဘုန်း တန်ခိုး အာနုဘော်၊ အောင်မြင်ခြင်းအခွင့်၊ အာဏာတော်နှင့် ပြည့်စုံတော်မူ၏။ ကောင်းကင် မြေကြီး ၌ ရှိရှိသမျှ ကို ပိုင်တော်မူ၏။ အိုထာဝရဘုရား ၊ ကိုယ်တော် သည် အစိုးရတော်မူ၏။ ခပ်သိမ်း သောသူတို့၏ အထွဋ် ၊ မြင့်မြတ်တော်မူ ၏။
Psalms 33:6ထာဝရဘုရား ၏ နှုတ်ကပတ် တော်အားဖြင့် မိုဃ်းကောင်းကင် ကို၎င်း၊ နှုတ် တော်အသက် အားဖြင့် မိုဃ်း ကောင်းကင်တန်ဆာ များကို၎င်းဖန်ဆင်း တော်မူ၏။
Psalms 115:1အကျွန်ုပ် တို့၌ ဘုန်းမ ရှိစေဘဲ၊ အို ထာဝရဘုရား ၊ အကျွန်ုပ် တို့၌ ဘုန်းမ ရှိစေဘဲ၊ ကိုယ်တော် ၏နာမ ၌ ကရုဏာ တော်နှင့် သစ္စာ တော်ကြောင့် ဘုန်း ရှိ ပါစေ သတည်း။
Isaiah 42:12ထာဝရဘုရား ကို ချီးမြှောက် ၍ ၊ တကျွန်း တနိုင်ငံအရပ်တို့၌ ဂုဏ် တော်ကို ထင်ရှား စွာ ချီးမွမ်းကြစေ။
Daniel 4:3နိမိတ် လက္ခဏာတော်သည် အလွန် ကြီးပေ၏။ အံ့ဘွယ် သော အမှုတော်လည်း တန်ခိုး နှင့်ပြည်စုံပေ၏။ ဘုရားသခင်၏နိုင်ငံ တော်သည် ထာဝရ နိုင်ငံ ဖြစ်၏။ အာဏာစက် တော်လည်း ကမ္ဘာ အဆက်ဆက်တည်တော်မူ ၏။
Matthew 6:13အပြစ် သွေးဆောင်ရာသို့ မ လိုက် မပါစေဘဲ၊ မကောင်း သောအမှုအရာ မှ လည်း ကယ်နှုတ် တော်မူပါ။ အစိုးပိုင်သောအခွင့်နှင့် ဘုန်းတန်ခိုး အာနုဘော် သည် ကမ္ဘာ အဆက်ဆက် ကိုယ်တော်၌ ရှိ ပါ ၏။ အာမင် ဟု ဆုတောင်း ကြလော့။