ရောမဩဝါဒစာ 6:16
အကြင်သူ၏အထံ၌ အစေခံ ကျွန်ဖြစ်ခြင်းငှာ သင်တို့ဝင် ၍ အစေခံ၏၊ ထိုသူသည်သေ ခြင်းနှင့် ယှဉ်သော အပြစ် တရားဖြစ်စေ၊ ဖြောင့်မတ် ရာသို့ ရောက်ခြင်းနှင့် ယှဉ်သော နားထောင် ခြင်းတရားဖြစ်စေ၊ သင်တို့၏သခင်ဖြစ်သည်ကို မ သိ ကြသလော။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Matthew 6:24အဘယ်သူ မျှသခင် နှစ် ဦးအစေ ကို မခံနိုင် ။ သခင်တစ် ဦးကိုမုန်း ၍ တစ် ဦးကိုချစ် မည်။ သခင်တစ် ဦးကို မှီခို ၍ တစ် ဦးကို မခန့်မညား ပြုမည်။ သင်တို့သည် ဘုရားသခင် ၏အစေကို၎င်း ၊ လောကီစည်းစိမ် ၏အစေ ကို၎င်း မ ခံ နိုင်ကြ။
John 8:34ဒုစရိုက် ကို ပြု သမျှ သောသူတို့သည် ဒုစရိုက် ကျွန် ဖြစ် ၏။
Romans 6:17သင်တို့သည် အပြစ် တရား၏ ကျွန် ဖြစ် ဘူးသော်လည်း ၊ ယခုတွင်ခံ ခဲ့ပြီးသော ဩဝါဒ နည်း ဥပဒေသစကားကို စေတနာစိတ် နှင့် နားထောင် ကြသည်ဖြစ်၍၊ ဘုရားသခင် ၏ကျေးဇူး တော်ကြီးလှပေ၏။
2 Peter 2:19လွှတ် ခြင်းအခွင့်ရှိသည်ဟု ဝန်ခံ လျက်ပင်၊ ကိုယ်တိုင် ပုပ်ပျက် ခြင်း၏ကျွန် ဖြစ် ကြ၏။ အဘယ်သို့ နည်းဟူမူကား၊ လူကို နိုင် သောအရာသည် လူ၏ သခင် ဖြစ်၏။