ရောမဩဝါဒစာ 12:19
ချစ်သူ တို့၊ သူတစ်ပါးသည်သင်တို့ကို ပြစ်မှားလျှင်၊ ကိုယ်တိုင် အပြစ်ပြန်၍ မ တုံ့ ကြနှင့်။ အမျက် တော်ကို အခွင့် ပေး ကြလော့။ ကျမ်းစာ လာသည်ကား ၊ ငါ သည် အပြစ်တရားကို စီရင်ပိုင် ၏။ အပြစ်နှင့်အလျောက် ငါ ဆပ်ပေး မည်ဟု ထာဝရ ဘုရားမိန့် တော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
18သင် တို့သည် တတ်နိုင် သမျှအတိုင်း လူ အပေါင်း တို့နှင့် အသင့်အတင့် နေကြလော့။
Cross References
Leviticus 19:18သင့် အမျိုးသား ချင်းသည် သင့်ကို ပြစ်မှားလျှင်၊ ကိုယ်တိုင်အပြစ်ပြန်၍ မ တုံ့ ရ။ အငြိုး မ ထားရ။ ကိုယ် နှင့်စပ်ဆိုင်သောသူကို ကိုယ် နှင့် အမျှ ချစ် ရမည်။ ငါ သည် ထာဝရဘုရား ဖြစ်၏။
Deuteronomy 32:43တပါးအမျိုးသား တို့၊ သင်တို့သည် ဘုရားသခင် ၏ လူမျိုး နှင့်အတူဝမ်းမြောက် ခြင်းရှိကြလော့။ အကြောင်း မူကား၊ ကိုယ်တော် ၏ ကျွန် တို့ကိုသတ် သော အပြစ် နှင့် အလျောက်ဒဏ် ပေး၍ ကိုယ်တော် ၏ ရန်သူ တို့ ၌ အပြစ် တရားကို စီရင်တော်မူမည်။ ပြည် တော်နှင့် မိမိ လူမျိုး ကို ကယ်မ သနားတော်မူမည်ဟူသော၊
1 Samuel 25:33သင် ပေးသောအကြံ လည်း မင်္ဂလာ ရှိစေသတည်း။ ယနေ့ ငါသည် လူအသက် ကိုသတ် အံ့သောငှါ၊ မသွား ရမည်အကြောင်း၊ ကိုယ် လက် နှင့် ကိုယ် အမှုကို စောင့်၍ အပြစ်ဒဏ်မပေးရမည်အကြောင်းဆီးတား သောသင် သည်လည်း မင်္ဂလာ ရှိစေသတည်း။
Proverbs 20:22ငါသည်ရန်တုံ့ ပြုမည်ဟု မ ဆို နှင့်၊ ထာဝရဘုရား ကို ငံ့လင့် လော့။ သို့ပြုလျှင် ကယ်တင် တော်မူလိမ့်မည်။
Proverbs 24:29သူသည် ငါ ၌ ပြု သည်အတိုင်း သူ ၌ ငါပြု မည်။ သူ့ အကျင့် နှင့်အလျောက် အကျိုးအပြစ်ကို ငါဆပ် ပေး မည်ဟု မ ဆို နှင့်။
Nahum 1:2အပြစ်ရှိသည်ဟု ထာဝရဘုရား သည် ယုံ လွယ်၍ ဒဏ် ပေးသော ဘုရား ဖြစ်တော်မူ၏။ ထာဝရဘုရား သည် ဒဏ် ပေး၍ အမျက် ပြင်းထန်တော်မူ၏။ ထာဝရဘုရား သည် ရန်ဘက် ပြုသောသူတို့ကို ဒဏ် ပေး၍ ၊ ရန်သူ တို့ကို အငြိုး ထားတော်မူ၏။