ရောမဩဝါဒစာ 14:2
အားနည်း သောသူ မူကား ၊ ဟင်းသီး ဟင်းရွက်ကိုသာစား ၏။
မြန်မာကျမ်းစာ
In The King James Version
For one believeth that he may eat all things: another, who is weak, eateth herbs.
In Context
Cross References
Genesis 1:29ဘုရား သခင်ကလည်း ကြည့်ရှု လော့။ မြေ တပြင်လုံး ၌ စပါး သီးကို ဖြစ်စေသော စပါး ပင် အမျိုးမျိုး တို့ကို၎င်း၊ မျိုးစေ့ ကိုဖြစ်စေသော အသီး နှင့်ပြည့်စုံသော သစ်ပင် အမျိုးမျိုး တို့ကို၎င်း၊ သင် တို့စားစရာ ဘို့ ငါပေး ၏။
Proverbs 15:17ဆူ အောင်ကျွေးသော နွား တကောင်လုံးကို အချင်းချင်း အငြိုး ထားသောစိတ်နှင့် စားရသည်ထက်၊ ချစ် ခြင်းမေတ္တာပါသော ဟင်းရွက် တနပ်စာ သည်သာ၍ ကောင်း ၏။
Daniel 1:16ထိုအခါ စားတော်ကဲ သည် သူ တို့အစာ ကို၎င်း ၊ သူ တို့သောက် ဘို့ စပျစ်ရည် ကို၎င်းရုပ်သိမ်း ၍၊ ဟင်းသီး ဟင်းရွက်နှင့်သာ ကျွေးမွေး ၏။
Romans 14:22သင် သည်ယုံ ခြင်းရှိ လျှင် ကိုယ် အလိုအလျောက်ဘုရားသခင့် ရှေ့ ၌ ရှိ စေလော့။ ကိုယ်လက်ခံ သောအမှုမှာ ကိုယ် ကိုမ စစ်ကြော မစီရင်သောသူ သည် မင်္ဂလာ ရှိ၏။
Galatians 2:12အကြောင်းမူကား ၊ လူအချို့ သည် ယာကုပ် ထံမှ မ ရောက် မလာမှီ၊ ပေတရုသည် တစ်ပါး အမျိုးသားတို့နှင့်အတူ စား ၏။ သူတို့ရောက်လာ သောနောက် ၊ ပေတရုသည် အရေဖျားလှီး ခြင်းကိုခံရသောသူ တို့၏မျက်နှာကိုထောက် ၍ တစ်ပါးအမျိုးသားတို့နှင့်မ ပေါင်းဝံ့။ တစ်ယောက်တခြားစီ နေ၏။
Titus 1:15စင်ကြယ် သောသူတို့အား ခပ်သိမ်း သောအရာတို့သည် စင်ကြယ် လျက်ရှိကြ၏။ မ စင်ကြယ်၊ မယုံကြည် သောသူတို့အား အဘယ် အရာမျှမစင်ကြယ် ။ သူ တို့၏ နှလုံးလည်း မ စင်ကြယ်။ ကိုယ်ကိုကိုယ် သိသောစိတ် လည်း မစင်ကြယ်။