ရောမဩဝါဒစာ 14:1
ယုံကြည် အားနည်း သောသူ တို့ကို လက်ခံ ကြလော့။ သို့ရာတွင်ယုံမှားဘွယ်သော ပြဿနာတို့ကို ထိုသူနှင့်မ ဆွေးနွေး ကြနှင့်။ အစာအမျိုးမျိုး ကို စား အပ်သည်ဟု လူ အချို့ ယုံ ၏။
မြန်မာကျမ်းစာ
In The King James Version
Him that is weak in the faith receive ye, but not to doubtful disputations.
In Context
2အားနည်း သောသူ မူကား ၊ ဟင်းသီး ဟင်းရွက်ကိုသာစား ၏။
Cross References
Job 4:3သင်သည် လူအများ တို့ကို ဆုံးမ ပြီ။ လက် မ စွမ်းသောသူတို့ကို ခိုင်ခံ့ စေပြီ။
Isaiah 40:11မိမိ သိုးစု ကို သိုးထိန်း ကဲ့သို့ ကျွေးမွေး တော်မူ မည်။ သိုးသငယ် တို့ကို ချီ ၍ ပိုက် ပွေ့တော်မူမည်။ သားငယ် ရှိသောသိုးမတို့ကိုလည်း ဖြည်းညှင်းစွာ ပို့ဆောင် တော်မူမည်။
Ezekiel 34:4အားနည်း သောသိုးကိုမ မစ ကြ၊ နာ သော သိုးတို့ကိုဆေး မ ကုကြ၊ အရိုးကျိုး သောသိုးကို အဝတ် နှင့် မ စည်းကြ၊ သူတပါးနှင် သော သိုးကိုလိုက် ၍မ ဆောင်ခဲ့ ကြ၊ ပျောက် သောသိုးကို မ ရှာ ကြ၊ အနိုင်အထက် ပြု၍ ကြမ်းတမ်း စွာ စီရင် ကြပြီ။
Zechariah 11:16အကြောင်း မူကား၊ ဤပြည် ၌ သိုးထိန်း တဦးကို ငါ ပေါ်ထွန်း စေမည်။ သူသည် အသတ် ခံရသောအကောင်ကို မ ကြည့် မရှု၊ လမ်းလွဲသောအကောင် ကို မ ရှာ ၊ နာ သော အကောင်ကို အနာ ပျောက်စေခြင်းငှါမ ပြု၊ ရပ် နေသောအကောင်ကို မ မစ ၊ ဆူ သောအကောင် တို့ကို စား လိမ့်မည်။ သူ တို့ ခွာ ကိုလည်း ချိုးဖဲ့ လိမ့်မည်။
Matthew 12:20နင်းနယ် လျက်ရှိသော ကျူပင် ကိုမ ချိုး ၊ မီးခိုး များသော မီးစာ ကိုမ သတ် ။ တရား သည် အောင်မြင် ခြင်းသို့ ရောက် မည်အကြောင်း စီရင်လိမ့်မည်။
Matthew 18:5အကြင်သူ သည်ငါ့ မျက်နှာ ကိုထောက်၍ဤကဲ့သို့ သောသူငယ် တစ်စုံတစ်ယောက် ကို လက်ခံ ၏၊ ထိုသူသည် ငါ့ ကိုပင်လက်ခံ ၏။