ရောမဩဝါဒစာ 15:29
သင်တို့ရှိရာသို့ ငါရောက်သောအခါ၊ ခရစ်တော်၏ ဧဝံဂေလိတရား၌ ပါသောကောင်းကြီး မင်္ဂလာ ပြည့်စုံခြင်းနှင့် ရောက်လာမည်ကို ငါသိ၏။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Psalms 16:11အသက်ရှင်ခြင်း လမ်းကို ပြညွှန်တော်မူလိမ့် မည်။ အထံတော်၌ စုံလင်သော ဝမ်းမြောက်ခြင်းအခွင့် နှင့် လက်ျာတော်နားမှာ အစဉ်အမြဲ ပျော်မွေ့ခြင်းအခွင့် ရှိပါ၏။
Romans 1:10မကြာမမြင့်မှီဘုရားသခင်အလိုတော်အားဖြင့် အဆင်သင့်၍၊ သင်တို့ရှိရာသို့ ငါလာရသော အခွင့် တစုံတခုရှိပါမည်အကြောင်း ဆုတောင်းပဌာနပြု၏။
Ephesians 3:8စစ်၍မကုန်နိုင်သော ခရစ်တော်၏ ကြွယ်ဝပြည့်စုံခြင်း၏ ဧဝံဂေလိတရားကို တပါးအမျိုးသားတို့အား ဟောပြောခြင်းငှါ၎င်း၊ အလုံးစုံတို့ကို ယေရှုခရစ်အားဖြင့် ဖန်ဆင်းတော်မူသော ဘုရားသခင်၌ ရှေးကပ် ကာလပတ်လုံး ဝှက်ထားလျက်ရှိသော ထိုနက်နဲသောအရာနှင့် စပ်ဆိုင်သော သာသနာသည် အဘယ်သို့ ဖြစ်သည်ကို လူအပေါင်းတို့အား ထင်ရှားစေခြင်းငှါ၎င်း၊
Ephesians 4:13ငါတို့ရှိသမျှသည် ယုံကြည်ခြင်းသို့၎င်း၊ ဘုရားသခင်၏သားတော်ကို သိကျွမ်းခြင်းသို့၎င်း၊ တညီတညွတ်တည်းရောက်၍ ခရစ်တော်၏ပြည့်စုံခြင်းပမာဏ အရပ်တည်းဟူသော ကြီးရင့်သော လူတို့၏ အဖြစ်သို့ ရောက်ကြသည်တိုင်အောင် ဖြစ်သတည်း။