ရောမဩဝါဒစာ 16:21
ငါ နှင့်အတူ အမှုတော်ကို ဆောင်ရွက်သော တိမောသေ မှစ၍ငါ ၏အဆွေအမျိုးလုကိ ၊ ယာသုန် သောသိပတရု တို့သည် သင် တို့ကို နှုတ်ဆက် ကြ၏။
မြန်မာကျမ်းစာ
In The King James Version
Timotheus my workfellow, and Lucius, and Jason, and Sosipater, my kinsmen, salute you.
In Context
22ဤ စာ ကိုရေး သော ကျွန်ုပ် တေရတိ သည် သခင် ဘုရားကို ထောက်၍ သင် တို့ကို နှုတ်ဆက် ပါ၏။
Cross References
Acts 16:1ထိုနောက်မှပေါလုသည် ဒေရဗေ မြို့နှင့် လုတ္တရ မြို့သို့ ရောက် လေ၏။ လုတ္တရ မြို့၌ တိမောသေ အမည် ရှိသော တပည့် တော်တစ် ယောက်ရှိ ၏။ သူ၏ အမိကား၊ ယုံကြည် သောယုဒ မိန်းမဖြစ်၏။ အဘ ကား၊ ဟေလသ လူဖြစ်၏။
Acts 17:14ထိုအခါ ညီအစ်ကို တို့သည် ပေါလု ကို ပင်လယ် လမ်းဖြင့် သွား စေခြင်းငှာချက်ခြင်း လွှတ် လိုက်ကြ၏။ သိလ နှင့် တိမောသေ တို့သည် နေရစ် ကြ၏။
Acts 19:22မိမိ အားလုပ်ကျွေး သော သူ နှစ် ယောက်၊ တိမောသေ နှင့် ဧရတ္တု တို့ကို မာကေဒေါနိ ပြည်သို့ စေလွှတ် ပြီးမှ မိမိ သည် အာရှိ ပြည်၌ ခဏ နေ သေး၏။
Romans 16:7ငါ နှင့်အတူအကျဉ်း ခံရသောသူ၊ ငါ အမျိုးသား ချင်းအန္ဒြောနိတ် နှင့် ယုနိ ကို နှုတ်ဆက် ကြလော့။ ထိုသူတို့သည် တမန်တော် များတွင် အသရေထင်ရှား သောသူ ဖြစ် ကြ၏။ ငါ့ အရင် တပည့်တော်အဖြစ်သို့ ရောက်သော သူလည်း ဖြစ် ကြ၏။
2 Corinthians 1:1ဘုရားသခင် ၏အလို တော်အားဖြင့် ယေရှု ခရစ် ၏ တမန်တော် ဖြစ်သော ငါ ပေါလုနှင့် ငါ့ညီ တိမောသေ သည်၊ ကောရိန္သု မြို့၌ ရှိ သော ဘုရားသခင် ၏ အသင်းတော် မှစ၍ ၊ အခါယ ပြည် အရပ်ရပ် တို့၌ ရှိ သော သန့်ရှင်း သူအပေါင်း တို့ကို ကြားလိုက်ပါ၏။
Philippians 1:1ယေရှု ခရစ် ၏ ကျွန် ဖြစ်သောပေါလု နှင့် တိမောသေ သည်၊ ဖိလိပ္ပိ မြို့၌ ရှိ သော သင်းအုပ် တို့နှင့် သင်းထောက် တို့မှစ၍ ယေရှု ခရစ် ၏ သန့်ရှင်း သူအပေါင်း တို့ကို ကြားလိုက်ပါ၏။