The Bible Software
ရောမဩဝါဒစာ · မြန်မာကျမ်းစာ

ရောမဩဝါဒစာ 16

1ကင်ခြေ မြို့အသင်းတော် ၌ သင်းထောက် မိန်းမဖြစ် သော ငါ တို့ နှမ ဖိဗေ ကို သင် တို့ထံသို့ငါသွင်းပေး၏။

2သန့်ရှင်း သူ တို့သည် ပြုသင့် သည်အတိုင်း ၊ သခင် ဘုရားကို ထောက်၍ ထိုသူ ကိုလက်ခံ ကြလော့။ သူသည် အကူအမလို သမျှ သော အမှု တို့၌ သူ့ ကိုကူမ ကြလော့ ။ အကြောင်းမူကား ၊ သူ သည်များစွာ သော သူတို့ကို၎င်း၊ ငါ့ ကို၎င်း၊ မစ သောသူဖြစ် ၏။

3ငါ နှင့်အတူ ယေရှု ခရစ် ၏ အမှုတော်ကို ဆောင်ရွက်သောသူ ၊ ပြစ်ကိလ နှင့် အာကုလ ကို နှုတ်ဆက် ကြ လော့။

4ထိုသူတို့သည် ငါ့ အသက် အဘို့ မိမိ တို့လည်ပင်း ကို ချထား သော သူ ဖြစ်ကြ၏။ သူတို့ကျေးဇူး ရှိသည်ဟု ငါ တစ်ယောက်တည်း သာ ဝန်ခံသည်မ ဟုတ်။ တစ်ပါး အမျိုးသားအသင်းတော် အပေါင်း တို့သည် ဝန်ခံကြ၏။

5သူ တို့အိမ် ၌ ရှိသောအသင်းတော် ကိုလည်း နှုတ်ဆက်ကြလော့။ အာရှ ပြည်တွင် ခရစ် အဘို့ အဦးသီးသော အသီး ဖြစ် သော ငါ့ ချစ် သားဧပဲနက် ကို နှုတ်ဆက် ကြလော့။

6ငါတို့အမှုကိုကြိုးစား ၍ ဆောင်ရွက် သော မာရိ ကိုနှုတ်ဆက် ကြလော့။

7ငါ နှင့်အတူအကျဉ်း ခံရသောသူ၊ ငါ အမျိုးသား ချင်းအန္ဒြောနိတ် နှင့် ယုနိ ကို နှုတ်ဆက် ကြလော့။ ထိုသူတို့သည် တမန်တော် များတွင် အသရေထင်ရှား သောသူ ဖြစ် ကြ၏။ ငါ့ အရင် တပည့်တော်အဖြစ်သို့ ရောက်သော သူလည်း ဖြစ် ကြ၏။

8သခင် ဘုရား၌ ငါ့ ချစ် သားအမ္ပလိ ကိုနှုတ်ဆက် ကြလော့။

9ငါ တို့နှင့်အတူ ခရစ်တော် ၏အမှုကို ဆောင်ရွက်သော ဥရဗန် နှင့် ငါ့ ချစ် သားသတာခု ကို နှုတ်ဆက် ကြ လော့။

10တပည့်တော်စစ် ဖြစ်သော အပေလေ နှင့် အာရိတ္တောဗုလု ၏ အိမ်သူ အိမ်သားတို့ကို နှုတ်ဆက် ကြလော့။

11ငါ ၏အဆွေအမျိုးဟေရောဒျုန် နှင့် တပည့်တော် ဖြစ် သောနာကိသု ၏အိမ်သူ အိမ်သားတို့ကို နှုတ်ဆက် ကြလော့။

12သခင်ဘုရား ၏အမှုတော်ကို ကြိုးစား သော မိန်းမ ၊ တရုဖဲန နှင့် တရုဖောသ ကို၎င်း၊ သခင်ဘုရား ၏ အမှုတော်ကို အလွန် ကြိုးစား ၍ ချစ် အပ်သော မိန်းမပေရသိ ကို၎င်း နှုတ်ဆက် ကြလော့။

13မြတ်သောတပည့်တော်ရုဖု နှင့်သူ ၏အမိ တည်းဟူသောငါ ၏ အမိကို နှုတ်ဆက် ကြလော့။

14အသုံကြိတ် ၊ ဖလေကုန် ၊ ဟေရမေ ၊ ပတ်ရောဘ ၊ ဟေရမေ မှစ၍ သူ တို့နှင့်အတူ နေသောညီအစ်ကို တို့ကို နှုတ်ဆက် ကြလော့။

15ဖိလောလုပ် ၊ ယုလိ ၊ နေရု ၊ နေရု နှမ နှင့် ဩလုမ္ပ မှစ၍ သူ တို့နှင့်အတူ နေသော သန့်ရှင်း သူအပေါင်း တို့ကို နှုတ်ဆက် ကြလော့။

16အချင်းချင်း တစ်ယောက်ကို တစ်ယောက်သန့်ရှင်း သော နမ်းခြင်းနှင့် နှုတ်ဆက် ကြလော့။ ခရစ်တော် ၏ အသင်းတော် အပေါင်း တို့သည် သင် တို့နှင့် နှုတ်ဆက် ကြ၏။

17ညီအစ်ကို တို့၊ သင် တို့ခံရ ပြီးသော ဆုံးမ ဩဝါဒနှင့်ဆန့်ကျင်ဘက် ဖြစ်သောသင်းခွဲ ခြင်း၊ မှားယွင်း ခြင်းအကြောင်းကို ပြု တတ်သောသူတို့ကို မှတ် ၍ရှောင် ကြလော့ဟု ငါသတိပေး ၏။

18အကြောင်းမူကား ထိုသို့သော သူတို့သည် ငါ တို့သခင် ခရစ်တော် ၏ အမှု ကိုမ ဆောင်ရွက်ဘဲလျက်၊ မိမိ တို့ဝမ်း ၏အမှုကိုသာ ဆောင်ရွက်၍၊ လောကဝတ်စကား နှင့် ချော့မော့သော စကားအားဖြင့် စိတ် ကောင်း သောသူ တို့ကို လှည့်ဖြား တတ်ကြ၏။

19သင် တို့ ယုံကြည်နားထောင် ခြင်းအကြောင်း အရာသည် လူအပေါင်း တို့တွင် ကျော်စော သည်ဖြစ်၍ ၊ ငါဝမ်းမြောက် ခြင်းရှိ၏။ သို့သော်လည်း ၊ သင် တို့သည် ကောင်း သောအမှု၌ ကား၊ ပညာရှိ စေခြင်းငှာ၎င်း၊ ဆိုး သော အမှု၌ ကား ၊ အပြစ် ကင်းစေခြင်းငှာ၎င်း၊ ငါအလိုရှိ ၏။

20ငြိမ်သက် ခြင်း၏ အရှင်ဘုရားသခင် သည် မ ကြာမမြင့်မှီ စာတန် ကို သင် တို့ခြေ အောက် ၌ နှိပ်စက် တော်မူမည်။ ငါ တို့သခင် ယေရှု ခရစ်၏ ကျေးဇူး တော်သည်သင် တို့၌ ရှိပါစေသော။

21ငါ နှင့်အတူ အမှုတော်ကို ဆောင်ရွက်သော တိမောသေ မှစ၍ငါ ၏အဆွေအမျိုးလုကိ ၊ ယာသုန် သောသိပတရု တို့သည် သင် တို့ကို နှုတ်ဆက် ကြ၏။

22ဤ စာ ကိုရေး သော ကျွန်ုပ် တေရတိ သည် သခင် ဘုရားကို ထောက်၍ သင် တို့ကို နှုတ်ဆက် ပါ၏။

23ငါ့ ကို၎င်း ၊ သင်းဝင် သူ အပေါင်း တို့ကို၎င်း၊ လက်ခံ၍ဧည့်သည် ဝတ်ပြုတတ်သော ဂါယု ၊ မြို့ စာရေး ဧရတ္တု ၊ သင်တို့ညီ ကွာတု တို့သည် သင် တို့ကို နှုတ်ဆက် ကြ၏။

24ငါတို့သခင်ယေရှုခရစ်၏ ကျေးဇူးတော်သည် သင်တို့အပေါင်း၌ ရှိစေသတည်း။ အာမင်။

25ရှေး ကပ်ကာလ ပတ်လုံးဝှက်ထား ပြီးလျှင်ယခု မှာ ထင်ရှား သည်ဖြစ်၍၊

26လူမျိုး အပေါင်း တို့သည် ယုံကြည် နားထောင် ကြမည် အကြောင်းပရောဖက် တို့၏ကျမ်းစာ များလာသည် နှင့်အညီ၊ ထာဝရ ဘုရားသခင် ၏ ပညတ် တော်အတိုင်း ထိုသူတို့အားဖေါ်ပြ ရသော နက်နဲ ရာကို ဖွင့်ထားခြင်း ကျေးဇူးတော်နှင့်လျော်စွာ၊ ငါ ဟောသောဧဝံဂေလိ တရားတည်းဟူသောယေရှု ခရစ် ၏ အကြောင်းကို ဟောပြော ခြင်းအားဖြင့် ၊ သင် တို့ကို မြဲမြံ ခိုင်ခံ့စေခြင်းငှာတတ်နိုင် တော်မူသောအရှင်၊

27တဆူတည်းသာလျှင် ပညာနှင့် ပြည့်စုံ တော်မူသော ဘုရားသခင် သည်၊ ယေရှု ခရစ် အားဖြင့် ကမ္ဘာ အဆက်ဆက်ဘုန်းကြီး တော်မူစေသတည်း။ အာမင်

← ရောမဩဝါဒစာ 15Read In The App, Free →1 Corinthians 1 →

Study ရောမဩဝါဒစာ 16

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeAlbert BarnesJohn WesleyJohn CalvinScofieldWilliam BurkittFamily Bible NotesJohn LightfootGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

12345678910111213141516