ရောမဩဝါဒစာ 3:11
နားလည် သောသူ မ ရှိ ၊ ဘုရားသခင် ကို ရှာ သောသူ မ ရှိ
မြန်မာကျမ်းစာ
In The King James Version
There is none that understandeth, there is none that seeketh after God.
In Context
10ကျမ်းစာလာ သည်ကား ၊ ဖြောင့်မတ် သောသူမ ရှိ ၊ တစ်ယောက် မျှ မရှိ။
Cross References
Psalms 14:2နားလည် သောသူ၊ ဘုရား သခင်ကိုရှာ သော သူတစုံတယောက်ရှိသည် မရှိ သည်ကို သိ မြင်ခြင်းငှါ ထာဝရဘုရား သည် ကောင်းကင် ပေါ်က လူ သား တို့ကို ငုံ့၍ကြည့်ရှု တော်မူ၏။
Psalms 53:4မုန့် ကိုစား သကဲ့သို့ငါ ၏လူ တို့ကို ကိုက်စား ၍၊ ဘုရား သခင်ကို ပဌနာ မ ပြုသော အဓမ္မ လူ တို့သည် မ သိ ဘဲနေရကြသလော့။
Proverbs 1:7ထာဝရဘုရား ကို ကြောက်ရွံ့ သောသဘောသည် ပညာ ၏အချုပ် အခြာဖြစ်၏။ လူမိုက် တို့သည် ပညာ နှင့် ဥပဒေသ ကို မထီမဲ့မြင် ပြုတတ်ကြ၏။
Proverbs 1:29အကြောင်း မူကား၊ သူတို့သည် ပညာ အတတ်ကိုမုန်း ကြ၏။ ထာဝရဘုရား ကို ကြောက်ရွံ့ သော သဘောကို အလို မ ရှိကြ။
Isaiah 27:11အခက် အလက်တို့သည် သွေ့ ခြောက်သောအခါ ချိုး ခြင်းသို့ရောက်၍၊ မိန်းမ တို့သည် လာ ၍မီးရှို့ ကြ လိမ့်မည်။ အကြောင်း မူကား၊ ပညာ မဲ့သောအမျိုး ဖြစ်၏။ ထို့ကြောင့် ၊ ဖန်ဆင်း ပြုပြင်တော်မူသောသူသည် မ သနား ၊ ကျေးဇူး မ ပြုဘဲ နေတော်မူလိမ့်မည်။
Isaiah 55:6တွေ့ နိုင်သည် ကာလတွင် ထာဝရဘုရား ကို ရှာ ကြလော့။ နီး တော်မူသည်ကာလတွင် ဆုတောင်း ပဌနာပြုကြလော့။