ရောမဩဝါဒစာ 5:11
ထိုမျှမက ၊ ငါ တို့သခင် ယေရှု ခရစ် အားဖြင့် မိဿဟာယ ဖွဲ့ရာကျေးဇူးကိုယခု ခံ ပြီးလျှင်၊ ထို သခင်အားဖြင့် ဘုရားသခင် ၌ ဝါကြွား ဝမ်းမြောက်ခြင်းရှိကြ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Psalms 32:11ဖြောင့်မတ် သောသူတို့၊ ထာဝရဘုရား ၌ ဝမ်းမြောက် ရွှင်လန်းကြလော့။ သဘော ဖြောင့် သောသူ တို့၊ ရွှင်လန်း စွာ သီချင်း ဆိုကြလော့။
Psalms 104:34ငါ ဥဒါန်း ကျူးခြင်းအသံသည် နှစ်သက် တော်မူဘွယ်ဖြစ်၍၊ ထာဝရဘုရား ၌ ငါ ရွှင်လန်း လိမ့်မည်။
Isaiah 61:10ထာဝရဘုရား ကြောင့် ငါသည် အလွန်ဝမ်းမြောက် ၍၊ ငါ ၏ဘုရား သခင်ကြောင့် ငါ့ ဝိညာဉ် သည် ရွှင်လန်း မည်။ အကြောင်း မူကား၊ မင်္ဂလာဆောင်လုလင် သည် ပေါင်း သရဖူကို ဆောင်း သကဲ့သို့ ၎င်း ၊ မင်္ဂလာဆောင် သတို့သမီးသည် တန်ဆာ ဆင် သကဲ့သို့ ၎င်း၊ ကယ်တင် ခြင်းအဝတ် တန်ဆာနှင့် ငါ့ ကို ဝတ်ဆင် စေ၍၊ ဖြောင့်မတ် ခြင်းဝတ်လုံ နှင့် ခြုံ တော်မူပြီ။
Luke 1:46မာရိ ကလည်း ၊ ငါ့ စိတ် နှလုံးသည် ထာဝရဘုရား ကို ချီးမွမ်း ၏။
John 6:50ကောင်းကင် မှ ဆင်းသက် သောမုန့် ကို စား သောသူ သည်သေ ခြင်းနှင့်ကင်းလွတ် ၏။
Romans 3:29ဘုရားသခင် သည် ယုဒ လူတို့၏ ဘုရားသာ ဖြစ်တော်မူသလော။ တစ်ပါး အမျိုးသားတို့၏ ဘုရားဖြစ် တော်မူသည်မ ဟုတ်လော။ ဟုတ် ပေ၏။ တစ်ပါး အမျိုးသားတို့၏ ဘုရားလည်း ဖြစ်တော်မူ၏။