ရောမဩဝါဒစာ 6:15
ထိုသို့ဖြစ်လျှင် အဘယ်သို့ နည်း၊ ငါတို့သည် ပညတ် တရားလက် ၌မရှိ ကျေးဇူး တရားလက် ၌ရှိသောကြောင့် ၊ ဒုစရိုက် ကို ပြုရမည် လော။ ထိုသို့မ ပြု ရ။
မြန်မာကျမ်းစာ
In The King James Version
What then? shall we sin, because we are not under the law, but under grace? God forbid.
In Context
Cross References
Romans 6:1ထိုသို့ မှန်လျှင်၊ အဘယ်သို့ ပြော ရမည်နည်း။ ကျေးဇူး တော်ပွားများ စေခြင်းငှာ အပြစ် တရားကို ကျင့် ၍ နေရမည်လော။
2 Corinthians 7:1ထိုကြောင့် ချစ်သူ တို့၊ ထို ဂတိ တော်များနှင့် ငါတို့သည်ဆိုင်ကြသည်ဖြစ်၍၊ ကိုယ်ခန္ဓါ ၏ အညစ်အကြေး ၊ စိတ်ဝိညာဉ် ၏အညစ်အကြေးရှိသမျှ တို့နှင့် ကိုယ်ကိုကိုယ် ကင်းစင် စေလျက်၊ ဘုရားသခင် ကို ကြောက်ရွံ့ ၍ သန့်ရှင်း ခြင်းပါရမီနှင့် ပြည့်စုံ ကြကုန်အံ့။
Ephesians 2:8ယုံကြည် သောအားဖြင့် ကျေးဇူး တော်ကြောင့် ကယ်တင် ခြင်းသို့ ရောက် ရ၏။ ကိုယ်အလိုအလျောက်ရောက်သည်မ ဟုတ်။ ဘုရားသခင် သနား တော်မူရာဖြစ်သတည်း။
Jude 1:4အဘယ်ကြောင့် နည်းဟူမူကား၊ ငါ တို့ဘုရားသခင် ၏ ကျေးဇူး တော်ကို ကိလေသာ ၏ ညစ်ညူး ခြင်းအလိုငှာမှောက်လှန် လျက်၊ တစ်ပါးတည်း အစိုးရတော်မူသောအရှင် ၊ ငါ တို့သခင် ယေရှု ခရစ် ကို ငြင်းပယ် လျက်၊ အပြစ် ခံစေခြင်းငှာ ရှေး ကစီရင် မှတ်သားနှင့်သောအဓမ္မလူ အချို့ တို့သည် ပရိယာယ် နှင့် အမှတ်တမဲ့ဝင်ကြပြီ။