ရောမဩဝါဒစာ 6:4
ထိုကြောင့် ၊ အသေခံ တော်မူခြင်း၌ ဗတ္တိဇံ ကို ခံသောအားဖြင့် ၊ ထိုသခင် နှင့်အတူသင်္ဂြိုဟ် ခြင်းကို ခံကြ၏။ အကြောင်းမူကား၊ ခရစ်တော် သည် ခမည်းတော် ၏ ဘုန်း တန်ခိုးအားဖြင့် သေခြင်းမှ ထမြောက် တော်မူသည်နည်းတူ ၊ ငါ တို့သည်လည်း အသစ် သောအသက် ၌ ကျင်လည် ရကြသတည်း။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Matthew 28:2ထိုအခါ မြေကြီး သည် ပြင်းစွာ လှုပ်လေ၏။ အကြောင်းမူကား ၊ ထာဝရ ဘုရား၏ ကောင်းကင်တမန် သည် ကောင်းကင် ဘုံမှ ဆင်းလာ ၍၊ တွင်းဝ၌ပိတ်သောကျောက် ကို လှိမ့်လှန် ပြီးလျှင် ၊ ထိုကျောက် ပေါ်မှာ ထိုင် နေ၏။
John 2:19ယေရှု ကလည်း ၊ ဤ ဗိမာန် တော်ကို ဖြိုဖျက် ကြလော့။ သုံး ရက် အတွင်း တွင် ငါတည်ဆောက် မည် ဟု မိန့် တော်မူ၏။
Acts 2:24ထိုသူ ကို သေ ခြင်းဝေဒနာသည် အစဉ်ချည်နှောင် ချုပ်ကိုင်၍မ ဖြစ် နိုင်သည်နှင့်၊ ထိုဝေဒနာ ကို ဘုရားသခင် သည် ချွတ်ပယ် ၍ထမြောက် စေတော်မူပြီ။
Romans 6:9သေ ခြင်းတရားသည် နောက်တဖန်ကိုယ်တော် ကို မ အုပ်စိုး ရသည်ကို ထောက်သော်၊ ငါတို့သည် ခရစ်တော် နှင့်အတူသေ လျှင်၊ ထိုသခင်နှင့်အတူရှင်လိမ့်မည်ဟုသဘော ရှိကြ၏။
Romans 7:6ယခု မူကား ၊ ကျမ်းစာ၌ပါသော တရား ဟောင်း ကို မ မှီဘဲ၊ ဝိညာဉ် တော်တရားသစ် ကို မှီ ၍ အမှု ဆောင်ရွက်ခြင်းအလိုငှာ ၊ ငါတို့သည် အသေ သဖြင့် အုပ်ချုပ် သောပညတ် တရား၏လက်မှ လွတ် ခြင်းသို့ ရောက်ကြပြီ။
Romans 12:1ညီအစ်ကို တို့၊ အသက် ရှင်ခြင်းလက္ခဏာ၊ သန့်ရှင်း ခြင်းလက္ခဏာ၊ ဘုရားသခင် နှစ်သက် တော်မူဘွယ်သောလက္ခဏာနှင့် ပြည့်စုံသော ယဇ် ကို သင် တို့သည် ပူဇော် ၍၊ မိမိကိုယ်ခန္ဓါ ကို ဘုရားသခင်အား ဆက်ကပ်ခြင်းတည်းဟူသောသင် တို့ပြုအပ်သော ဝတ် ကို ပြုမည်အကြောင်း၊ ဘုရားသခင် ၏ ကရုဏာ တော်ကို ထောက်ထား ၍၊ သင် တို့ကို ငါ တိုက်တွန်းနှိုးဆော်ပေ၏။