ရောမဩဝါဒစာ 8:4
အကြောင်းမူကား ၊ ဇာတိ ပကတိအတိုင်း မ ကျင့် ၊ ဝိညာဉ် ပကတိအတိုင်း ကျင့်သောငါ တို့သည်၊ တရား၌ ပါသောပညတ် တို့ကို စောင့်ရှောက်မည်အကြောင်းတည်း။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Romans 2:26ထိုမှတစ်ပါး ၊ အရေဖျားလှီး ခြင်းကို မခံသောသူ သည်တရား ၌ ပါသောပညတ် တို့ကို စောင့်ရှောက် လျှင် ၊ ထိုသူ ၏အရေဖျား မလှီးဘဲ အဖြစ်ကို အရေဖျားလှီး ခြင်းအဖြစ်ကဲ့သို့မှတ် ရသည်မ ဟုတ်လော။
Galatians 5:22ဝိညာဉ် ပကတိ၏အကျိုး မူကား ၊ ချစ် ခြင်း၊ ဝမ်းမြောက် ခြင်း၊ ငြိမ်သက် ခြင်း၊ စိတ်ရှည် ခြင်း၊ ကျေးဇူး ပြုခြင်း၊ ကောင်းမြတ် ခြင်း၊ သစ္စာစောင့် ခြင်း၊
Colossians 1:22အကြောင်းမူကား၊ ကောင်းကင် အောက် ၌ ရှိသမျှ သော ဝေနေယျ သတ္တဝါတို့အား ဟောပြော သဖြင့်၊ သင်တို့သည် ကိုယ်တိုင်ကြား ရပြီးသော ဧဝံဂေလိ တရား၏ မြော်လင့် ခြင်းမှ မ ရွေ့လျော့ ဘဲ၊
1 John 3:2ချစ်သူ တို့၊ ယခု တွင်ငါတို့သည် ဘုရားသခင် ၏သား ဖြစ် ကြ၏။ နောက်မှ အဘယ်သို့ သောသူဖြစ် မည်ဟု မ ထင်ရှား သေး။ သို့သော်လည်းကိုယ်တော်သည် ထင်ရှား ပေါ်ထွန်းတော်မူသောအခါ ၊ ငါတို့သည် ကိုယ်တော် နှင့် တူကြလတံ့ဟု ငါတို့သိ ကြ၏။ အကြောင်းမူကား ၊ ကိုယ်တော် ဖြစ် တော်မူသည်အတိုင်း ကို ငါတို့သည် မြင် ရကြလတံ့။
Revelation 14:5ထို သူတို့သည် ကညာ ဖြစ်၍မေထုန်အမှုနှင့် မ ညစ်ညူး သော သူ ဖြစ် ကြ၏။ သိုးသူငယ် သွား လေရာရာအရပ် သို့ နောက် တော်၌ လိုက်သောသူ ဖြစ်ကြ၏။ လူတို့ အထဲ ကရွေးနှုတ် ၍ ဘုရားသခင် နှင့် သိုးသူငယ် အဘို့ အဦး သီးသော အသီးဖြစ်ကြ၏။