1 ရုသဝတ္ထု 3:7
ဗောဇ သည်စား သောက် ၍ ရွှင်လန်း လျက်၊ စပါး ပုံအနား သို့ သွား ၍ အိပ် သောအခါ ၊ ရုသသည်တိတ်ဆိတ် စွာချဉ်းကပ် ၍သူ့ ခြေ ၌ဖုံးသောအဝတ်ကိုဖွင့် ပြီးလျှင် အိပ် လေ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
6ကောက်နယ်တလင်း သို့သွား ၍ ယောက္ခမ မှာ ထားသမျှ အတိုင်း ပြု လေ၏။
8သန်းခေါင် အချိန်၌ ယောက်ျား သည်လန့် ၍ လှည့် သဖြင့် ၊ မိန်းမ သည်ခြေရင်း ၌ရှိသည်ကိုသိ လျက်၊
Cross References
Judges 16:25စိတ် နှလုံးရွှင်လန်း သောအခါ ၊ ရှံဆုန် ကို ခေါ် ခဲ့။ ငါ တို့အဘို့ ကစား ပါလေစေဟု ဆို သဖြင့် ၊ ရှံဆုန် ကို ထောင် အိမ် မှ ခေါ် ခဲ့၍ သူသည် ကစား ရ၏။ သူ့ ကိုလည်း စရပ်တိုင် ကြား မှာထား ကြ၏။
Judges 19:9ထိုသူသည် မယားငယ် နှင့် ငယ်သား ကို ခေါ်၍ သွား အံ့သောငှါ ထ ပြန်သောအခါ ၊ သူ ၏ ယောက္ခမ ဖြစ်သော ထိုမိန်းမ ၏ အဘ က၊ ကြည့် ပါ၊ မိုဃ်းချုပ် လုပြီ။ ယနေ့ညဉ့် ကိုလည်း လွန်စေပါတော့။ နေ့ အချိန် ကုန် လုပြီ။ ဤ အရပ်၌ အိပ် ၍ ပျော်မွေ့ လျက်နေပါတော့။ နက်ဖြန် နံနက်စောစော ထ၍ ကိုယ် နေရာ အရပ်သို့ သွား တော့ဟု ဆို သော်လည်း၊
2 Samuel 13:28အဗရှလုံ ကလည်း ၊ အာမနုန် သည် စပျစ်ရည် ကို သောက်၍ ရွှင်လန်း သောအခါ စောင့်နေကြ။ အာမနုန် ကို ထိုး ခုတ်ကြဟု ငါဆို သောအခါ ၊ သေ အောင်လုပ်ကြံကြ။ မ စိုးရိမ် ကြနှင့်။ ငါ စီရင် သည်မ ဟုတ်လော။ အားယူ ၍ ရဲရင့် ခြင်းရှိ ကြလော့ဟု မိမိ ကျွန် တို့အား မှာ ထားနှင့်သည် အတိုင်း၊
Ecclesiastes 2:24စား သောက် ခြင်းငှါ ၎င်း၊ ကြိုးစား အားထုတ်ရာ၌ စိတ် နှလုံးပျော်မွေ့ ခြင်းငှါ၎င်း၊ လူ ၌ ကောင်း သောအခွင့် မ ရှိ။ ဘုရား သခင်၏ကျေးဇူးတော် ကြောင့် သာ ၊ ထိုသို့ သော အခွင့်ကို ရနိုင်သည်ဟု ငါသိမြင် ၏။
Ecclesiastes 8:15ထိုအခါ ပျော်မွေ့ ခြင်းအမှုကို ငါ ချီးမွမ်း ၏။ အကြောင်း မူကား၊ လူ သည်နေ အောက် မှာ စား သောက် ခြင်း၊ ပျော်မွေ့ ခြင်းအမှု ထက်သာ၍ ကောင်းသောအမှု မ ရှိ။ နေ အောက် မှာ ဘုရား သခင်ပေး သနားတော်မူသောအသက် ကာလ ၌၊ ကြိုးစားအားထုတ်၍ ရသောအကျိုး တို့တွင်၊ ထိုအကျိုးကိုသာ အမြဲခံရ၏။