The Bible Software
1 ရုသဝတ္ထု · မြန်မာကျမ်းစာ

1 ရုသဝတ္ထု 3

1တဖန် ယောက္ခမ နောမိ က၊ ငါ့ သမီး ၊ သင့် ကိုချမ်းသာ စေခြင်းငှါ ငြိမ်ဝပ် ရာအရပ် ကို သင့် အဘို့ ငါမ ရှာ ရသလော။

2သင်ပေါင်းဘော်သော ကျွန် မတို့၏သခင်ဗောဇ သည် ငါ တို့ပေါက်ဘော် ဖြစ်သည်မ ဟုတ်လော။ ယနေ့ည မှာ ကောက်နယ်တလင်း ၌ မုယော စပါးကိုလှေ့ လျက်နေ၏။

3သင် သည်ရေချိုးခြင်း၊ ဆီလိမ်း ခြင်း၊ အဝတ် တန်ဆာ ဆင်ခြင်းကိုပြုပြီးလျှင် ကောက်နယ်တလင်း သို့ သွား တော့။ သူသည်စား သောက် ခြင်း အမှုကို မ ပြီး မှီကိုယ် ကို မ ပြနှင့်။

4သူ အိပ် သောအခါ ၊ အိပ် ရာအရပ် ကိုမှတ် ပြီးမှ ဝင် ၍ သူ့ ခြေ ၌ဖုံးသော အဝတ်ကိုဖွင့် ပြီးလျှင် အိပ် တော့။ သင်သည် အဘယ်သို့ ပြု ရမည်ကို သူ ပြော လိမ့်မည်ဟုဆိုသော်၊

5ရုသက၊ မိခင်မှာ ထားသမျှ တို့ကို ပြု ပါမည်ဟု ဝန်ခံ လျက်၊

6ကောက်နယ်တလင်း သို့သွား ၍ ယောက္ခမ မှာ ထားသမျှ အတိုင်း ပြု လေ၏။

7ဗောဇ သည်စား သောက် ၍ ရွှင်လန်း လျက်၊ စပါး ပုံအနား သို့ သွား ၍ အိပ် သောအခါ ၊ ရုသသည်တိတ်ဆိတ် စွာချဉ်းကပ် ၍သူ့ ခြေ ၌ဖုံးသောအဝတ်ကိုဖွင့် ပြီးလျှင် အိပ် လေ၏။

8သန်းခေါင် အချိန်၌ ယောက်ျား သည်လန့် ၍ လှည့် သဖြင့် ၊ မိန်းမ သည်ခြေရင်း ၌ရှိသည်ကိုသိ လျက်၊

9သင် သည်အဘယ် သူနည်းဟုမေး လျှင် ၊ ကျွန်မ သည်ကိုယ်တော် ၏ ကျွန် မရုသ ဖြစ်ပါ၏။ ကိုယ်တော် သည်ရွေး ပိုင်သော အမျိုးသားချင်းဖြစ်သောကြောင့် ၊ ကိုယ်တော် ၏ ကျွန် မကိုအဝတ်တော်စွန်း နှင့် ဖုံး ပါတော့ဟုဆို သော်၊

10သူက၊ ငါ့ သမီး ၊ ထာဝရဘုရား ကောင်းကြီး ပေးတော်မူပါစေသော။ သင်သည်ငွေ ရတတ် သောလူပျို ၊ ဆင်းရဲ သောလူပျို တစုံတယောက်ကို မ မှီဝဲ ဘဲနေ၍၊ အရင် ပြု သောကျေးဇူး ထက် နောက် ပြုသောကျေးဇူးသာ၍ကြီး၏။

11မ စိုးရိမ် နှင့်ငါ့ သမီး။ တောင်း သမျှ ကို ငါပြု မည်။ သင် သည်သီလ နှင့်ပြည့်စုံသောမိန်းမ ဖြစ်ကြောင်း ကို ငါ့ လူမျိုး နေသောတမြို့လုံး သိ ၏။

12ငါ သည်ရွေး ပိုင်သော အမျိုးသားချင်းမှန် ပေ၏။ သို့သော်လည်း ငါ့ ထက် သာ၍ရွေး ပိုင်သော အမျိုးသားချင်းတယောက်ရှိ သေး၏။

13ယနေ့ည မှာနေ ဦးတော့။ ထိုသူသည်ရွေး ပိုင်သော အမျိုးသားချင်း ဝတ်ကိုပြုလိုလျှင် ပြုပါလေစေ။ ကောင်း ၏။ မ ပြုလျှင် ထာဝရဘုရား အသက် ရှင်တော်မူသည်အတိုင်း ငါပြု မည်။ နံနက် တိုင်အောင် အိပ် ဦးတော့ဟုဆို၏။

14ရုသသည်နံနက် တိုင်အောင် သူ့ ခြေရင်း နားမှာအိပ် ပြီးမှ ၊ တယောက် ကို တယောက်သိ နိုင်သော အချိန်မ ရောက်မှီထ လေ၏။ ယောက်ျားကလည်း၊ မိန်းမ သည် ဤကောက်နယ်တလင်း သို့လာ သည်ကို အဘယ်သူမျှမ သိ စေနှင့်ဟုဆို ၏။

15တဖန် သင် ၌ ပါသော တင်းတိမ် ကိုယူ ခဲ့၍ ဖြန့် ခင်းတော့ဟုဆို သည်အတိုင်း၊ ရုသဖြန့်လျက် မုယော စပါးခြောက်ဩမဲကိုခြင် ၍ သူ့ အပေါ် မှာတင် သဖြင့် ၊ သူသည်မြို့ ထဲသို့ သွား လေ၏။

16ယောက္ခမ ထံ သို့ ရောက် သောအခါ ၊ ယောက္ခမကအဘယ် သို့နည်းဟုမေး လျှင် ၊ မိမိ ၌ ထိုသူပြု သမျှ ကို ၎င်း၊

17သူက၊ သင် သည်ယောက္ခမ ထံ သို့လက်ချည်း မ သွား နှင့်ဟုဆို လျက် မုယော စပါးခြောက်ဩမဲပေး ကြောင်းကို ၎င်း ကြားပြော လေ၏။

18ယောက္ခမလည်း ၊ ငါ့ သမီး ၊ ဤအမှု သည်အဘယ် သို့ပြီး လိမ့်မည်ကိုမသိ မှီတိုင်အောင် ထိုင်နေ တော့။ ယောက်ျား သည် ယနေ့ ဤအမှု ကိုမပြီးစီး မှီ ငြိမ်ဝပ် စွာမ နေဟုပြောဆို ၏။

← 1 ရုသဝတ္ထု 2Read In The App, Free →1 ရုသဝတ္ထု 4 →

Study 1 ရုသဝတ္ထု 3

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

1234