1 ရုသဝတ္ထု 4:10
သေ သောသူ၏နာမည် ကို သူ ၏ညီအစ်ကို စုထဲက ၎င်း၊ သူ နေရာမြို့ တံခါး ထဲက ၎င်း မ ပြတ် စေခြင်းငှါ၊ သူ ၏အမွေ အားဖြင့် သူ၏နာမည် ကို ထောက်မ မည် အကြောင်း၊ မဟာလုန် ၏ မယား မောဘ အမျိုးသမီးရုသ ကို ငါ ၏မယား ဖြစ်စေခြင်းငှါ ငါဝယ် သည်ကိုသင် တို့သည် ယနေ့ သက်သေ ဖြစ်ကြပါ၏ဟု အသက် ကြီးသူများ၊ လူ များအပေါင်း တို့အား ပြောဆို ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
9ဗောဇ ကလည်း ၊ ဧလိမလက် ဥစ္စာ၊ ခိလျုန် ဥစ္စာ၊ မဟာလုန် ဥစ္စာ ဟူသမျှ ကို နောမိ လက် မှ ငါဝယ် ၍၊
Cross References
Genesis 29:27ခုနစ် ရက်စေ့ အောင် ငံ့ဦးလော့။ နောက် တဖန် ခုနစ် နှစ် အစေခံ ရသည်အတွက် ၊ ရာခေလကိုလည်း သင့် အား ပေးစား ဦးမည်ဟု ဆိုသည်အတိုင်း၊
Deuteronomy 25:6ဣသရေလ အမျိုး၌ အစ်ကို အမည် ကို မ ပျောက် စေခြင်းငှာ ၊ အဦး ဘွားသော သားသည် သေ သောဘကြီး ၏ အရိပ် အရာကို ခံ ရမည်။
Psalms 34:16ဒုစရိုက် ကိုပြု သောသူတို့ကား၊ မြေကြီး ပေါ် မှာ အောက်မေ့ စရာ အမှတ်မျှမရှိစေခြင်းငှါ ပယ်ရှင်း မည် အကြောင်း ၊ ထာဝရဘုရား သည် မျက်နှာ ထားတော်မူ၏။
Proverbs 18:22မယား ကိုရ သောသူသည် ကောင်း သောအရာကို ရ ၍ ၊ ထာဝရဘုရား ၏ ကျေးဇူး တော်ကို ခံရ ၏။
Proverbs 31:10သီလ နှင့်ပြည့်စုံသော မိန်းမ ကိုအဘယ်သူ တွေ့ ရ သနည်း။ ထိုသို့သောမိန်းမ သည် ပတ္တမြား ထက် အဘိုး သာ၍ထိုက်ပေ၏။
Isaiah 48:19သင် ၏ အမျိုး အနွယ်သည် သဲ လုံးကဲ့သို့ ၎င်း၊ သင် ၏သား မြေးတို့သည်၊ သမုဒ္ဒရာ ကျောက်စရစ် ကဲ့သို့ ၎င်း ဖြစ် ရကြလိမ့်မည်။ သင် ၏နာမ သည် ငါ့ ရှေ့ မှာ မ ပြတ် ၊ မ ပျက် မစီးရ။