The Bible Software
1 ရုသဝတ္ထု · မြန်မာကျမ်းစာ

1 ရုသဝတ္ထု 4

1ထိုအခါ ဗောဇ သည်မြို့တံခါးဝ သို့ သွား ၍ ထိုင် သဖြင့် ၊ မနေ့ကပြော သော အမျိုးသား ချင်းရှောက် သွားသည်ကိုမြင် လျှင်၊ အိုမည်သူလှည့်၍ ထိုင် ပါတော့ဟုခေါ် သည်အတိုင်း သူသည် လှည့် ၍ ထိုင် လေ၏။

2တဖန် မြို့ သား အသက် ကြီးသူ တကျိပ် တို့ကိုခေါ် ၍ ၊ သည် မှာထိုင် ပါတော့ဟု ဆို သည်အတိုင်းသူတို့သည်လည်း ထိုင် ကြ၏။

3အမျိုးသား ချင်းကို လည်း ၊ မောဘ ပြည် မှ ပြန် လာသောနောမိ သည် ငါ တို့အစ်ကို ဧလိမလက် ပိုင်သော မြေ အကွက် ကိုရောင်း မည်ဖြစ်၍၊

4သင့်ကိုငါတိုင်ကြားလျက်၊ ပြည်သားများ၊ ငါတို့အမျိုး၌ အသက်ကြီးသူများ ရှေ့မှာဝယ်ပါတော့ဟု ပြောမည်အကြံရှိပါ၏။ သင်သည် ရွေးလိုလျှင် ရွေးပါတော့၊ မရွေးလိုလျှင် ကျွန်ုပ် အားကြားပြောပါတော့။ သင်မှတပါး ရွေးပိုင်သောသူမရှိ။ သင့်နောက်မှာ ကျွန်ုပ်နေရာကျသည်ဟုဆိုသော်၊ အမျိုးသားချင်းက၊ ကျွန်ုပ်ရွေးမည်ဟု ပြန်ပြော၏။

5ဗောဇ ကလည်း ၊ ထိုလယ် ကွက်ကိုနောမိ လက် မှ ဝယ် သောနေ့ ရက်တွင် ၊ သေ သောသူ၏ အမွေ ဥစ္စာအားဖြင့် သူ ၏နာမည် ကိုထောက်မ ခြင်းငှါ ၊ သူ၏မယား မောဘ အမျိုးသမီးရုသ ကိုလည်း ဝယ် ရသေးသည်ဟု ဆို သော်၊

6အမျိုးသား ချင်းက၊ ကျွန်ုပ်သည် ကိုယ် အဘို့ မ ရွေး နိုင် ပါ။ ရွေးလျှင် ကိုယ် အမွေ ဥစ္စာကိုဖျက် မည် စိုးရိမ်စရာရှိ၏။ ကျွန်ုပ်မ ရွေး နိုင် သောကြောင့်၊ ကျွန်ုပ်ရွေးပိုင်သောအရာကိုကိုယ်အဘို့ ရွေးပါတော့ဟုပြန်ပြော၏။

7ဣသရေလ ရှေး ထုံးစံဟူမူကား ၊ ရွေး ခြင်းအမှု၊ ဥစ္စာ လဲခြင်းအမှုကို မြဲမြံ စေခြင်းငှါ တယောက် သောသူသည် မိမိ ခြေနင်း ကိုချွတ် ၍ တယောက် သောသူအား အပ် လေ့ရှိ၏။ ထိုသို့ပြုသောအားဖြင့် ဣသရေလ အမျိုးသားတို့တွင် သက်သေ တည်ရ၏။

8သို့ဖြစ်၍ အမျိုးသား ချင်းက၊ ကိုယ် အဘို့ ဝယ် ပါတော့ဟု ဗောဇ အား ဆို ၍ မိမိ ခြေနင်း ကိုချွတ် ၏။

9ဗောဇ ကလည်း ၊ ဧလိမလက် ဥစ္စာ၊ ခိလျုန် ဥစ္စာ၊ မဟာလုန် ဥစ္စာ ဟူသမျှ ကို နောမိ လက် မှ ငါဝယ် ၍၊

10သေ သောသူ၏နာမည် ကို သူ ၏ညီအစ်ကို စုထဲက ၎င်း၊ သူ နေရာမြို့ တံခါး ထဲက ၎င်း မ ပြတ် စေခြင်းငှါ၊ သူ ၏အမွေ အားဖြင့် သူ၏နာမည် ကို ထောက်မ မည် အကြောင်း၊ မဟာလုန် ၏ မယား မောဘ အမျိုးသမီးရုသ ကို ငါ ၏မယား ဖြစ်စေခြင်းငှါ ငါဝယ် သည်ကိုသင် တို့သည် ယနေ့ သက်သေ ဖြစ်ကြပါ၏ဟု အသက် ကြီးသူများ၊ လူ များအပေါင်း တို့အား ပြောဆို ၏။

11တံခါးဝ ၌ ရှိသောအသက် ကြီးသူများ၊ လူ များအပေါင်း တို့ကလည်း ၊ ငါတို့သည်သက်သေ ဖြစ်ကြ၏။ သင့် အိမ် သို့ ရောက် သော ဤမိန်းမ သည်၊ ဣသရေလ အမျိုး ကိုတည်ထောင် သောမိန်းမနှစ် ယောက်၊ ရာခေလ နှင့် လေအာ ကဲ့သို့ ဖြစ်မည်အကြောင်းထာဝရဘုရား ပြု တော်မူ ပါစေသော။ သင်သည်လည်း ဧဖရတ် အရပ်၌ အစွမ်း သတ္တိနှင့်ပြည့်စုံ၍ ဗက်လင် မြို့၌ အသရေ ကျော်စောခြင်းရှိပါစေသော။

12အသက် ပျိုသော ဤ မိန်းမတွင် ၊ ထာဝရဘုရား ပေး တော်မူလတံ့သော မျိုးစေ့ အားဖြင့် သင် ၏ အမျိုး အနွယ်သည် ယုဒ မယားတာမာ ဘွားမြင် သော ဖာရက် အမျိုး အနွယ်ကဲ့သို့ ဖြစ် ပါစေသောဟုပြောဆို ကြ၏။

13ဗောဇ သည် ရုသ ကိုသိမ်း ၍ စုံဘက် လျက် ဆက်ဆံ သောအခါ ၊ ထာဝရဘုရား ၏ ကျေးဇူးတော်ကြောင့်ရုသ သည်ပဋိသန္ဓေ ယူ၍ သား ယောက်ျားကိုဘွားမြင် လေ၏။

14မိန်းမ တို့သည်လည်း နောမိ အား ၊ သင့်ကိုပြုစုသော အမျိုးသား ချင်းကို ယနေ့ ဖြတ် တော်မ မူသော ထာဝရဘုရား သည် မင်္ဂလာ ရှိတော်မူပါစေသော။ ယခုရသော အမျိုးသားချင်းသည်လည်း ဣသရေလ အမျိုး၌ အသရေ ကျော်စော ပါစေသော။

15သူသည်သင် ၏အသက် ကိုပြုပြင် သောသူ၊ သင် အသက် ကြီးသောအခါ သင့်ကိုကောင်းမွန်စွာ ပြုစု သောသူဖြစ် ပါစေသော။ သင့် ကိုချစ် ၍ သား ခုနစ် ယောက်ထက် သင့် အဘို့ သာ၍ ကောင်းသောသင် ၏ ချွေးမ သည်သားယောက်ျားကိုဘွားမြင် ပြီဟုပြောဆို ကြ၏။

16နောမိ သည်ထိုသူငယ် ကိုယူ ၍ ပိုက်ချီ လျက်ထိန်း လေ၏။

17အိမ်နီးချင်း မိန်းမတို့ကလည်း ၊ နောမိ သည် သား ယောက်ျားကိုရ ပြီဟုဆို လျက် ၊ ထိုသူငယ် ကိုဩဗက် အမည် ဖြင့်မှည့် ကြ၏။ ဩဗက်သားကားယေရှဲ။ ယေရှဲသားကား ဒါဝိဒ် တည်း။

18ဖာရက် ၏သားစဉ် မြေးဆက်ဟူမူကား ၊ ဖာရက် သား ဟေဇရုံ၊

19ဟေဇရုံ သား အာရံ ၊ အာရံ သား အမိနဒပ်၊

20အမိနဒပ် သား နာရှုန် ၊ နာရှုန် သား စာလမုန်၊

21စာလမုန် သား ဗောဇ ၊ ဗောဇ သား ဩဗက်၊

22ဩဗက် သား ယေရှဲ ၊ ယေရှဲ သား ဒါဝိဒ် တည်း။

← 1 ရုသဝတ္ထု 3Read In The App, Free →1 Samuel 1 →

Study 1 ရုသဝတ္ထု 4

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

1234