တိတုဩဝါဒစာ 1:8
ဧည့်သည် ဝတ်ကိုပြုတတ်သောသူ၊ သူတော်ကောင်း နှင့်အဆွေဖွဲ့သောသူ၊ ဣန္ဒြေ စောင့်သောသူ၊ ဖြောင့်မတ် သောသူ၊ သန့်ရှင်း သောသူ၊ ကာမဂုဏ် ကို ချုပ်တည်းသောသူဖြစ်ရမည်။
မြန်မာကျမ်းစာ
In The King James Version
But a lover of hospitality, a lover of good men, sober, just, holy, temperate;
In Context
Cross References
1 Samuel 18:1ထိုသို့ လျှောက် ပြီး သည်နောက်၊ ရှောလု၏ သားယောနသန် စိတ် နှလုံးသည် ဒါဝိဒ် စိတ် နှလုံးနှင့် စွဲကပ် လျက် ရှိ၍ ဒါဝိဒ်ကို ကိုယ်နှင့်အမျှ ချစ် လေ၏။
1 Kings 5:7ရှောလမုန် မင်း၏စကား ကို ဟိရံ မင်းသည် ကြား လျှင် အလွန် ဝမ်းမြောက် ၍ ၊ ထို လူမျိုး ကြီး ကို အစိုးရသောသား ကို ဒါဝိဒ် အား ပေး တော်မူသော ထာဝရဘုရား သည် ယနေ့ မင်္ဂလာ ရှိတော်မူစေသတည်းဟု ဆို လျက်၊
Amos 5:15ဒုစရိုက် ကို မုန်း ၍ သုစရိုက် ကို ချစ် ကြလော့။ မြို့တံခါးဝ တွင် တရား ကို တည် စေကြလော့။ ကောင်းကင်ဗိုလ်ခြေ အရှင်ဘုရား သခင်ထာဝရဘုရား သည် ကျန်ကြွင်း သောယောသပ် အမျိုးကို သနားကောင်းသနား တော်မူလိမ့်မည်။
1 Thessalonians 2:10မိမိ နိုင်ငံ တော်နှင့် ဘုန်း တော်ထဲသို့ ၊ သင် တို့ကို ခေါ်သွင်း တော်မူသော ဘုရားသခင် နှင့် အထိုက်အလျောက် သင် တို့သည် ကျင့်ဆောင် စေခြင်းငှာ၊
1 Timothy 4:12သင် ၏ အသက် အရွယ်နုပျိုသည်ကို အဘယ်သူ မျှမထီမဲ့မြင် မပြုစေနှင့်။ စကား ပြောခြင်း၊ ကျင့်ကြံ ပြုမူ ခြင်း၊ သူတစ်ပါးကိုချစ် ခြင်း၊ ဝိညာဉ်သဘောရှိခြင်း၊ သစ္စာစောင့် ခြင်း၊ စင်ကြယ် ခြင်းအရာမှာ၊ ယုံကြည် သောသူတို့အား ပုံ သက်သေကို ပြ လော့။
2 Timothy 2:22လူပျို တို့၏ တပ်မက် ခြင်းကိလေသာစိတ်ကို ကြဉ်ရှောင် လော့။ ဖြောင့်မတ် ခြင်း၊ သစ္စာ ရှိခြင်း၊ ချစ် ခြင်း၊ စင်ကြယ် သောစိတ် ရှိ၍ ၊ သခင် ဘုရားကိုပဌနာ ပြုသော သူ တို့နှင့် အသင့်အတင့် နေခြင်းတို့ကို မှီအောင်လိုက် လော့။