တိတုဩဝါဒစာ 2:12
ငါ တို့သည် မြော်လင့်လျက်၊ ဘုရားမဲ့ တရားမဲ့နေခြင်း၊ လောကီ တပ်မက် ခြင်းကို ပယ်ရှား လျက် ၊ ယခု ဘဝ ၌ ဣန္ဒြေ စောင့်ခြင်း၊ တရား သဖြင့်ကျင့်ခြင်း၊ ဘုရား ဝတ်၌မွေ့လျော် ခြင်းတို့ကို ပြုနေရမည်အကြောင်း
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Psalms 4:3ထာဝရဘုရား သည် မိမိ သန့်ရှင်း သူကို ရွေး ထား တော်မူသည်ကို သိ မှတ်ကြလော့။ ငါ ခေါ် ၍ လျှောက် သောအခါ ၊ ထာဝရဘုရား သည် နားထောင် တော်မူလိမ့် မည်။
Isaiah 55:6တွေ့ နိုင်သည် ကာလတွင် ထာဝရဘုရား ကို ရှာ ကြလော့။ နီး တော်မူသည်ကာလတွင် ဆုတောင်း ပဌနာပြုကြလော့။
Ezekiel 33:14တဖန် ဆိုး သောသူအား သင်သည် စင်စစ်အသေ ခံရလိမ့်မည်ဟု ငါ ဆို သော်လည်း ၊ ထိုသူသည် မိမိ ဒုစရိုက် ကို ရှောင် ၍ ၊ တရား သောအမှု၊ ဖြောင့်မတ် သောအမှုကို ပြု လျက်၊
Matthew 3:8နောင်တရ ခြင်းနှင့် ထိုက်တန် သောအကျင့် ကို ကျင့် ကြလော့
Matthew 16:24ထိုအခါ ယေရှု က၊ ငါ ၌ဆည်းကပ် လို သောသူ ဖြစ် လျှင်ကိုယ်ကိုကိုယ် ငြင်းပယ် ရမည်။ ကိုယ် လက်ဝါးကပ်တိုင် ကိုထမ်း ၍ ငါ့ နောက်သို့လိုက် ရမည်။
Luke 1:6ထိုသူနှစ် ယောက်တို့သည် ထာဝရ ဘုရား၏ ပညတ်တရား တော်အမျိုးမျိုး တို့ကို ကျင့်ဆောင် ၍ အပြစ်တင်ခွင့်နှင့်လွတ် သဖြင့်၊ ဘုရားသခင် ရှေ့ တော်၌ ဖြောင့်မတ် ခြင်း ပါရမီရှိ ကြ၏။