တိတုဩဝါဒစာ 3:7
အကြောင်းမူကား၊ ငါတို့သည် ဘုရားသခင် ၏ကျေးဇူး တော်အားဖြင့် ဖြောင့်မတ် ရာသို့ရောက်၍ ထာဝရ အသက် ကို မြော်လင့် သည်နှင့်အညီ အမွေခံ ဖြစ် ကြမည်အကြောင်း တည်း။
မြန်မာကျမ်းစာ
In The King James Version
That being justified by his grace, we should be made heirs according to the hope of eternal life.
In Context
Cross References
Romans 3:28ထိုကြောင့်လူ မည်သည်ကား၊ ပညတ် တရား၏ အကျင့် မ ရှိဘဲ ယုံကြည် ခြင်းအားဖြင့်ဖြောင့်မတ် ရာသို့ ရောက်တတ်သည်ဟုယူဆ ရ၏။
Romans 4:16ထိုကြောင့် ၊ ဂတိ တော်သည် ပညတ် တရားနှင့်ဆိုင် သော အမျိုးအနွယ်တို့၌ ပြည့်စုံသည်သာမက ၊ အာဗြဟံ ၏ယုံကြည် ခြင်းတရားနှင့်ဆိုင် သော သူတို့၌ ပြည့်စုံလျက်၊ အာဗြဟံ၏အမျိုးအနွယ်အပေါင်း တို့၌ ပြည့်စုံမည်အကြောင်း၊ ကျေးဇူး တော်ကြောင့် ဖြောင့်မတ်ရာသို့ရောက်စေခြင်းငှာ ၊ ယုံကြည် ခြင်းတရားကိုသာ အမှီပြု ၍ ရောက်နိုင်၏။
Romans 5:15သို့သော်လည်း ၊ ပြစ်မှား ခြင်းသဘောနှင့် ကျေးဇူးတော် သဘောမ တူ ၊ အကြောင်းမူကား ၊ လူ တစ် ယောက်သည် ပြစ်မှား သောအားဖြင့်၊ လူ များတို့သည် သေ ခြင်းသို့ ရောက်ကြ၏။ တစ် ယောက်သောသူ တည်းဟူသောယေရှု ခရစ် အားဖြင့် ဘုရားသခင် ၏ ကျေးဇူး တော်နှင့် ကျေးဇူး တော်၏ အကျိုး သည်လူများ တို့၌ သာ၍ ကြွယ်ဝ ပြည့်စုံ၏။
Romans 8:23ထိုမျှမက ဝိညာဉ် တော်၏ ကျေးဇူးတော်အစအဦးကို ခံ ပြီးသော ငါ တို့သည်လည်း ၊ သား အရာ၌ ချီးမြှောက်ခြင်းအကြောင်းတည်းဟူသောကိုယ်ခန္ဓါ ရွေးနှုတ် ခြင်းချမ်းသာကိုမြော်လင့် ၍၊ စိတ် နှလုံးအထဲ ၌ညည်းတွား လျက်နေကြ၏။
1 Corinthians 6:11အထက်ကသင်တို့တွင် အချို့ သောသူတို့သည် ထိုသို့သောသူဖြစ် ကြသော်လည်း ၊ ယခုတွင်သခင် ယေရှု ၏ နာမ တော်အားဖြင့် ၎င်း၊ ငါ တို့ဘုရားသခင် ၏ ဝိညာဉ် တော်အားဖြင့် ၎င်း ၊ ဆေးကြော သန့်ရှင်း ၍ ဖြောင့်မတ် ရာ သို့ ရောက်ကြပြီ။
Galatians 3:29ခရစ်တော် နှင့် စပ်ဆိုင်လျှင် အာဗြဟံ ၏ အမျိုးအနွယ်ပင်ဖြစ်၍ ၊ ဂတိ တော်အတိုင်း အမွေခံ ၏ အရာ၌ တည်ကြ၏။