ဇာခရိအနာဂတ္တိကျမ်း 14:21
ထိုမျှမက ၊ ယေရုရှလင် မြို့မှစ၍ ယုဒ ပြည်၌ ရှိသမျှ သော အိုး တို့သည် ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား အား သန့်ရှင်း ကြလိမ့်မည်။ ယဇ်ပူဇော် သောသူအပေါင်း တို့သည်လာ ၍ ၊ ထို အိုးတို့ကို ယူ ပြီးလျှင် ချက်ပြုတ် ကြလိမ့်မည်။ ထို နေ့ မှစ၍ နောက် တဖန် ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ၏အိမ် တော်၌ ခါနနိ လူမ ရှိ ရ။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ဇာခရိအနာဂတ္တိကျမ်း 14
Cross References
Deuteronomy 12:7ထို အရပ်၌ သင် တို့၏ဘုရားသခင် ထာဝရဘုရား ရှေ့ တော်၌ စား ရကြမည်။ ပြု လေရာရာ ၌ သင် တို့၏ ဘုရားသခင် ထာဝရဘုရား ကောင်းကြီး ပေးတော်မူသဖြင့် ၊ ကိုယ်တိုင် မှစ၍ အိမ်သူ အိမ်သားတို့သည် ရွှင်လန်း ခြင်းကို ပြုရကြမည်။
Nehemiah 8:10သွား ကြလော့၊ မြိန် စွာသော အစာကိုစား ကြလော့။ ချို သော အရည်ကိုသောက် ကြလော့။ ဆင်းရဲ သောသူတို့ အား ဝေမျှ ကြလော့။ ဤသည်နေ့ရက်သည် ငါ တို့ ဘုရား ရှင်အဘို့ သန့်ရှင်း ၏။ ဝမ်း မ နည်းကြနှင့်၊ ထာဝရဘုရား ပေးတော်မူသောအခွင့်နှင့် အားယူ ၍ ဝမ်းမြောက် ကြလော့ဟု လူအပေါင်းတို့အား ဆို ကြ၏။
Isaiah 35:8ထို အရပ်၌ လမ်းမ ကြီး ရှိ လိမ့်မည်။ ထိုလမ်းကို သန့်ရှင်း ရာလမ်း ဟု သမုတ် ကြလိမ့်မည်။ မစင်ကြယ် သောသူသည် ထိုလမ်း ကို မ ရှောက် မသွားရ။ သွား သောသူတို့ နှင့်အတူကိုယ်တော် တိုင်ခရီးသွားလျက် ရှိတော်မူသည် ဖြစ်၍၊ မိုက် သောသူသော်လည်းလမ်း မ လွဲ ရ။
Hosea 12:7သူသည် ကုန်သည် ဖြစ်၏။ စဉ်းလဲ သော ချိန်ခွင် ကို ကိုင် တတ်၏။ သူတပါးကို ညှဉ်းဆဲ ခြင်းငှါ အလိုရှိ ၏။
Zephaniah 1:11မတ္တေရှ အရပ် သားတို့၊ ငိုကြွေး မြည်တမ်းကြလော့ ။ ကုန်သည် အပေါင်း တို့သည် ပြတ် ကြပြီ။ ငွေ ကို ဆောင် သောသူအပေါင်း တို့သည် ဆုံး ကြပြီ။
Zechariah 14:20ထို နေ့ရက်ကာလ တွင် ထာဝရဘုရား အား သန့်ရှင်း ခြင်းဟု၊ မြင်း ၌ဆွဲသော ဆည်းလည်း အပေါ် မှာပင် အက္ခရာတင်ရလိမ့်မည်။ ထာဝရဘုရား ၏အိမ် တော်၌ အိုး တို့သည် ယဇ် ပလ္လင်ရှေ့ မှာ ရှိသော ဖလား ကဲ့သို့ ဖြစ် ကြလိမ့်မည်။