ဇာခရိအနာဂတ္တိကျမ်း 7:3
နှစ် ပေါင်းများစွာ ပြု သကဲ့သို့ ပဉ္စမ လ တွင် ငိုကြွေး ၍ ခြိုးခြံစွာကျင့် ရပါမည်လောဟု ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား ၏ အိမ် တော်၌ ရှိသောယဇ် ပုရောဟိတ် နှင့် ပရောဖက် တို့အား မေးလျှောက် ခြင်းငှါ ၎င်း ၊ ရှရေဇာ ၊ ရေဂင်္မေလက် နှင့် သူ တို့လူ များကို ဘုရားသခင်၏အိမ်တော်သို့ စေလွှတ်ကြသောအခါ၊
မြန်မာကျမ်းစာ
In The King James Version
In Context
2ထာဝရဘုရား ရှေ့ တော်၌ ဆုတောင်း ခြင်းငှါ ၎င်း ၊
4ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ငါဇာခရိ သို့ ရောက် လာ၍ ၊
Read all of ဇာခရိအနာဂတ္တိကျမ်း 7
Cross References
Deuteronomy 33:10သူတို့သည် စီရင် တော်မူချက်တို့ကို ယာကုပ် အမျိုး ၌ ၎င်း၊ တရား တော်ကို ဣသရေလ အမျိုး၌ ၎င်း သွန်သင် ကြလိမ့်မည်။ မီးရှို့ရာနံ့သာပေါင်း ကို ရှေ့ တော်၌၎င်း၊ တကိုယ် လုံး မီးရှို့ရာယဇ်ကို ယဇ် ပလ္လင်တော်ပေါ် ၌၎င်း တင် ထားကြလိမ့်မည်။
Nehemiah 8:9လူ အပေါင်း တို့သည် ပညတ္တိ ကျမ်းစကား ကို ကြား သောအခါ ငိုကြွေး ကြသည်ဖြစ်၍ ၊ ပြည်အုပ် မင်း နေဟမိ ၊ ကျမ်းတတ် ဆရာ ယဇ်ပုရောဟိတ် ဧဇရ ၊ လူ များ တို့အား သွန်သင် သော လေဝိ သားတို့က၊ ဤ သည်နေ့ ရက်သည် သင် တို့၏ ဘုရား သခင်ထာဝရဘုရား အဘို့ သန့်ရှင်း သောနေ့ ဖြစ်၏။ ငိုကြွေး မြည်တမ်းခြင်းကို မ ပြုကြနှင့်။
Ecclesiastes 3:4ငို ရ သောအချိန် နှင့် ရယ် ရ သောအချိန် လည်းရှိ၏။ ညည်းတွား ရသောအချိန် နှင့် ကခုန် ရသောအချိန် လည်း ရှိ၏။
Jeremiah 52:12ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ နန်းစံတဆယ် ကိုး နှစ် ၊ ပဉ္စမ လ ဆယ် ရက်နေ့တွင် ၊ အမှု တော်ထမ်းကိုယ်ရံတော်မှူး နေဗုဇာရဒန် သည် ယေရုရှလင် မြို့ သို့ လာ ၍၊
Hosea 4:6ငါ့ လူ တို့သည် ပညာ နည်း သောကြောင့် ဆုံးရှုံး ကြ၏။ သင်သည် ပညာ ကိုပယ် သောကြောင့် ၊ ငါ့ ယဇ် ပုရောဟိတ်အဖြစ်သို့ မရောက်စေခြင်းငှါ သင့် ကို ငါပယ် မည်။ သင် ၏ ဘုရား သခင့်တရား ကို သင်မေ့လျော့ သောကြောင့် ၊ သင် ၏ သားသမီး တို့ကို ငါ့မေ့လျော့ မည်။
Haggai 2:11ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား က၊ သင်သည် တရား အမှုကို ယဇ်ပုရောဟိတ် ၌ မေးမြန်း ရမည် မှာ၊