ဇာခရိအနာဂတ္တိကျမ်း 9:1
ထာဝရဘုရား၏ဗျာဒိတ် နှုတ်ကပတ်တော်သည် ဟာဒရက်ပြည်နှင့် ဒမာသက်မြို့၌ သင့်ရောက်ပေ၏။ ထာဝရဘုရားသည် လူမျိုးကို၎င်း၊ ဣသရေလအမျိုး အနွှယ်အပေါင်းတို့ကို၎င်း ကြည့်ရှုလျက် ရှိတော်မူ၏။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ဇာခရိအနာဂတ္တိကျမ်း 9
Cross References
2 Chronicles 20:12အိုအကျွန်ုပ်တို့ဘုရားသခင်၊ သူတို့ကို မစီရင် ဘဲနေတော်မူမည်လော။ အကျွန်ုပ်တို့ကိုတိုက်အံ့သောငှါ လာသောဤအလုံးအရင်းကြီးကို၊ အကျွန်ုပ်တို့သည် ဆီးတားခြင်ငှါ မတတ်နိုင်ပါ။ အဘယ်သို့ပြုရမည်ကိုမသိ ပါ။ ကိုယ်တော်ကိုသာ မျှော်ကြည့်လျက် နေကြပါသည်ဟု ဆုတောင်း၍၊
Psalms 145:15ခပ်သိမ်းသော သတ္တဝါတို့သည် ကိုယ်တော်ကို မျှော်ကြည့်ကြ၍၊ အချိန်တန်မှသူတို့ကို ကျွေးမွေးတော် မူ၏။
Isaiah 13:1ဗာဗုလုန်မြို့ကို ရည်ဆောင်၍ အာမုတ်၏သား ဟေရှာယခံရသော ဗျာဒိတ်တော်အချက်ဟူမူကား၊
Isaiah 17:7ထိုကာလ၌ လူသည်မိမိကို ဖန်ဆင်းတော်မူ သော အရှင်ကို ရည်မှတ်၍၊ ဣသရေလအမျိုး၌ သန့်ရှင်း တော်မူသော ဘုရားကို ဖူးမျှော်ရလိမ့်မည်။
Isaiah 52:10ထာဝရဘုရားသည် ခပ်သိမ်းသော လူအမျိုးမျိုး တို့ ရှေ့မှာ၊ သန့်ရှင်းသော လက်ရုံးတော်ကို ဖွင့်ပြတော်မူ သဖြင့်၊ မြေကြီးစွန်းရှိသမျှတို့သည် ငါတို့ဘုရားသခင်၏ ကယ်တင်တော်မူခြင်းကျေးဇူးကို သိမြင်ကြလတံ့။
Jeremiah 23:33ဤလူမျိုးတွင် ဆင်းရဲသားဖြစ်စေ၊ ပရောဖက် ဖြစ်စေ၊ ယဇ်ပုရောဟိတ်ဖြစ်စေ၊ တစုံတယောက်က၊ ထာဝရဘုရား၏ ဗျာဒိတ်တော်အဘယ်သို့နည်းဟု သင့်ကို မေးလျှင်၊ ပြန်ပြောရမည်မှာ၊ သင်တို့နှင့်ဆိုင်သော ဗျာဒိတ်တော်ဟူမူကား၊ သင်တို့ကို ငါစွန့်ပစ်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။