ဇာခရိအနာဂတ္တိကျမ်း 9:7
သူ စားသော အသွေး ကို သူ ၏ပါးစပ် ထဲမှ ၎င်း ၊ သူ ကိုက်သော ရွံ့ရှာဘွယ် တို့ကို သူ ၏သွား ကြား မှ ၎င်း ငါနှုတ်ပယ် မည်။ ကျန်ကြွင်းသောသူသည်လည်း ငါ တို့ ဘုရား သခင်အဘို့ ကျန်ကြွင်း ၍ ၊ ယုဒ ပြည်၌ မင်း ကဲ့သို့ နေလိမ့်မည်။ ဧကြုန် မြို့သားလည်း ယေဗုသိ လူကဲ့သို့ ဖြစ် လိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
6အာဇုတ် မြို့၌ တကျွန်း တနိုင်ငံသားတို့သည် နေ ကြလိမ့်မည်။ ဖိလိတ္တိ အမျိုး၏ မာန ကိုလည်း ငါချိုးဖဲ့ မည်။
Read all of ဇာခရိအနာဂတ္တိကျမ်း 9
Cross References
1 Samuel 17:34ဒါဝိဒ် က၊ ကိုယ်တော် ကျွန် သည် အဘ ၏ သိုး တို့ကို ထိန်း ကျောင်းစဉ် အခါ၊ ခြင်္သေ့ နှင့် ဝံ သည်လာ ၍ သိုးသငယ် ကို သိုးစု ထဲက ကိုက်ချီ ပါ၏။
2 Samuel 24:18ထို နေ့ခြင်းတွင် ဂဒ် သည် ဒါဝိဒ် ထံ သို့လာ ၍ ၊ ကိုယ်တော်ကြွ ပါ။ ယေဗုသိ လူအရောန ၏ ကောက်နယ် တလင်း၌ ထာဝရဘုရား အဘို့ ယဇ် ပလ္လင်ကို တည် ရမည် ဟု၊
1 Chronicles 11:4တဖန် ဒါဝိဒ် သည် ဣသရေလ လူအပေါင်း တို့ကို ခေါ်၍၊ ပြည်သားရင်း ယေဗုသိ လူတို့နေ ရာ ယေဗုတ် မြို့ တည်းဟူသော ယေရုရှလင် မြို့သို့သွား လျှင်၊
Psalms 3:7အိုထာဝရဘုရား ထ တော်မူပါ။ အကျွန်ုပ် ၏ ဘုရား သခင်၊ အကျွန်ုပ် ကို ကယ်မ တော်မူပါ။ ကိုယ်တော်သည် အကျွန်ုပ် ၏ ရန်သူ တို့၏ ပါး ရိုးကိုရိုက် ၍၊ မတရား သောသူတို့၏ သွား ကိုချိုး တော်မူ၏။
Isaiah 11:12တပါးအမျိုးသား တို့အဘို့ အလံ ကိုထူ တော်မူသဖြင့် ၊ နှင်ထုတ် သောဣသရေလ အမျိုးသားနှင့် ၊ အရပ်ရပ် ကွဲပြား သောယုဒ အမျိုးသားတို့ကို မြေကြီး လေး မျက်နှာ တို့မှ ခေါ်၍ စုဝေး စေတော်မူလိမ့်မည်။
Isaiah 49:22အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ကြည့် ရှုလော့။ ငါသည် အတိုင်းတိုင်းအပြည်ပြည်၌နေသော လူမျိုးတို့အား လက် ကို ချီ ၍ အလံ ကို ထူ သဖြင့် ၊ သူတို့သည် သင် ၏သားသမီး တို့ကို လက် နှင့် ပွေ့လျက်၊ ပခုံး ပေါ် မှာ ထမ်းလျက်ဆောင် ခဲ့ကြလိမ့်မည်။