Isaiah 11:12
တပါးအမျိုးသား တို့အဘို့ အလံ ကိုထူ တော်မူသဖြင့် ၊ နှင်ထုတ် သောဣသရေလ အမျိုးသားနှင့် ၊ အရပ်ရပ် ကွဲပြား သောယုဒ အမျိုးသားတို့ကို မြေကြီး လေး မျက်နှာ တို့မှ ခေါ်၍ စုဝေး စေတော်မူလိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Psalms 68:22သူတို့ကို ဗာရှန် ပြည်က ငါဆောင်ခဲ့ဦးမည်။ နက်နဲ သော ပင်လယ် ထဲ က ငါဆောင် ခဲ့ဦးမည်။
Isaiah 11:10ထို ကာလ ၌ ယေရှဲ ၏အမြစ် သည် ပေါက်၍၊ လူ များ အဘို့ထူ သော အလံ ဖြစ်လိမ့်မည်။ ထိုအလံ ၌ တပါးအမျိုးသား တို့သည် ဆည်းကပ် ကြလိမ့်မည်။ ကျိန်းဝပ် တော်မူရာအရပ်သည်လည်း ဘုန်းကြီး လိမ့်မည်။
Isaiah 27:13ထို ကာလ ၌ လည်း ၊ ကြီး သောတံပိုး ကို မှုတ် ရ လိမ့်မည်။ အာရှုရိ ပြည် ၌ ပျောက် သောသူ၊ အဲဂုတ္တု ပြည် ၌ စွန့်ပစ် လျက်နေသောသူတို့သည်လာ ၍ ၊ ယေရုရှလင် မြို့တွင် ၊ သန့်ရှင်း သော တောင် ပေါ် မှာ ထာဝရဘုရား ရှေ့ တော်၌ ဝတ်ပြု ၍ ကိုးကွယ် ကြလိမ့်မည်။
Isaiah 49:11ငါ ၏တောင် ရှိသမျှ တို့ကို သွားရာလမ်း ဖြစ်စေမည်။ ငါ ၏မြေတန်တား များကိုလည်း ငါဖို့ မည်။
Isaiah 49:22အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ကြည့် ရှုလော့။ ငါသည် အတိုင်းတိုင်းအပြည်ပြည်၌နေသော လူမျိုးတို့အား လက် ကို ချီ ၍ အလံ ကို ထူ သဖြင့် ၊ သူတို့သည် သင် ၏သားသမီး တို့ကို လက် နှင့် ပွေ့လျက်၊ ပခုံး ပေါ် မှာ ထမ်းလျက်ဆောင် ခဲ့ကြလိမ့်မည်။
Isaiah 59:19သို့ ဖြစ်၍၊ အနောက် မျက်နှာသားတို့နှင့်၊ နေ ထွက် ရာအရပ်သားတို့သည် ထာဝရဘုရား ၏ နာမ တော်နှင့် ဘုန်း တော်ကို ရိုသေ ကြလိမ့်မည်။ ရန်သူ သည် ရေ လွှမ်းမိုးသကဲ့သို့ ဝင် သောအခါ ၊ ထာဝရဘုရား ၏ ဝိညာဉ် တော် သည် ဆီးတား တော်မူမည်။