ဇေဖနိအနာဂတ္တိကျမ်း 1:16
ခိုင်ခံ့သောမြို့၊ မြင့်သောရဲတိုက်တို့တဘက်၌ တံပိုးမှုတ်၍ ကြွေးကြော်ရာနေ့ဖြစ်၏။
1835 Judson Burmese Bible
In The King James Version
A day of the trumpet and alarm against the fenced cities, and against the high towers.
In Context
Read all of ဇေဖနိအနာဂတ္တိကျမ်း 1
Cross References
Joshua 6:20ထိုသို့နှင့်အညီ တံပိုးကိုမှုတ်၍၊ လူများတို့သည် ကြွေးကြော်ကြ၏။ တံပိုးသံကို ကြား၍ ကျယ်သောအသံ နှင့် ကြွေးကြော်ကြသောအခါ၊ မြို့ရိုးသည် အကုန်အစင် ပြိုလဲ၍၊ လူများအပေါင်းတို့သည် မြို့ထဲသို့ တည့်တည့်ဝင် ပြီးလျှင် သိမ်းယူကြ၏။
Isaiah 2:12ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား၏ နေ့ရက် ကာလသည် ကြီးမြင့်သောအရာနှင့် မိုမောက်သောအရာ ရှိသမျှတို့ကို ဆီးတား၍၊ သူတို့သည် နှိမ့်ချခြင်းရှိကြ လိမ့်မည်။
Isaiah 32:14ဘုံဗိမာန်တို့ကို စွန့်ပစ်၍ မြို့၏ အသံဗလံ ငြိမ်း လိမ့်မည်။ ဩဖေလကုန်းနှင့် ရဲတိုက်တို့သည် အစဉ်မြေ တွင်းနှင့် ပြည်စုံ၍၊ ရိုင်းသောမြည်းပျော်မွေ့ရာ၊ သိုးစု ကျက်စားရာ ဖြစ်ကြလိမ့်မည်။
Jeremiah 4:19ငါ့အသည်းသည်နာ၏။ ငါ့အသည်းသည်နာ၏။ ငါ့နှလုံးအရေဖျားလည်းနာ၏။ ငါ့အထဲ၌ ငါ့နှလုံးပူဆွေး ၏။ ငါသည် တိတ်ဆိတ်စွာ မနေနိုင်။ အကြောင်းမူကား၊ အိုငါ့ဝိညာဉ်၊ သင်သည် တံပိုးမှုတ်သံနှင့် စစ်တိုက်သံကို ကြားရ၏။
Jeremiah 8:16သူ့မြင်းနှာခေါင်းရှုသံကို ဒန်ပြည်က ကြားရ၏။ သူ့မြင်းရဲဟီသံကိုကြား၍ တပြည်လုံးတုန်လှုပ်လေ၏။ သူတို့သည် ရောက်လာ၍၊ ပြည်နှင့် တကွပြည်၌ရှိသမျှကို၎င်း၊ မြို့နှင့်တကွ မြို့သားတို့ကို၎င်း စား၍မျိုကြ၏။
Hosea 5:8ဂိဗာမြို့၌ နှဲခရာကို၎င်း၊ ရာမမြို့၌ တံပိုးကို၎င်း မှုတ်ကြလော့။ ဗေသဝင်မြို့၌ ကြွေးကြော်ကြလော့။ အိုဗင်္ယာမိန်အမျိုး၊ နောက်သို့ ကြည့်ကြလော့။