ဇေဖနိအနာဂတ္တိကျမ်း 1:8
ထာဝရဘုရားပွဲခံတော်မူသော နေ့၌ မင်းများ၊ ဆွေတော်မျိုးတော်များနှင့် ထူးခြားစွာ ဝတ်သောသူများ အပေါင်းတို့ကို ငါစစ်ကြောမည်။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ဇေဖနိအနာဂတ္တိကျမ်း 1
Cross References
2 Kings 10:22ယေဟုသည် အဝတ်တန်ဆာတိုက်စိုးကိုခေါ်၍၊ ဗာလဘုရားတပည့်တို့အဘို့ အဝတ်တန်ဆာကို ထုတ်ကြ ဟုဆိုသည်အတိုင်း ထုတ်လေ၏။
2 Kings 24:12ယုဒရှင်ဘုရင် ယေခေါနိသည် မယ်တော်မှစသော ကျွန်၊ မှူးမတ်၊ အရာရှိတို့နှင့်တကွ ဗာဗုလုန် ရှင်ဘုရင်ထံသို့ ထွက်၍ ဗာဗုလုန်ရှင်ဘုရင်သည် နန်းစံ ရှစ်နှစ်တွင် ယုဒရှင်ဘုရင်ကိုရ၏။
2 Kings 25:19စစ်သူရဲတို့ကိုအုပ်သော ဗိုလ်တယောက်၊ မြို့ထဲ ၌တွေ့မိသော တိုင်ပင်မှူးမတ်ငါးယောက်၊ ပြည်သူ ပြည်သားများကို နှိုးဆော်သော တပ်စာရေးကြီး တယောက်၊ မြို့ထဲ၌တွေ့မိသော ပြည်သားခြောက်ဆယ်တို့ ကိုမြို့ထဲကခေါ်သွား၍၊
Isaiah 10:12သို့သော်လည်း၊ ထာဝရဘုရားသည် ဇိအုန် တောင်နှင့် ယေရုရှလင်မြို့၌ အမှုတော်ကို လက်စသတ် တော်မူပြီးမှ၊ အာရှုရိ ရှင်ဘုရင်၏ မာနထောင်လွှားခြင်း၊ မော်သော မျက်နှာနှင့် စော်ကားခြင်းကို ငါကြည့်ရှု၍ စီရင်မည်။
Isaiah 39:7သင်နှင့်နွှယ်၍ရသော သင်၏ သားမြေးတို့ကို လည်း ယူသွား၍၊ သူတို့သည် ဗာဗုလုန်ရှင်ဘုရင်၏ နန်းတော်၌၊ လူပျိုတော်လုပ်ရကြလိမ့်မည်ဟု ဟေဇကိ မင်းအား ပြောဆိုလေ၏။
Jeremiah 22:24ထာဝရဘုရားမိန့်တော်မူသည်ကား၊ ယုဒ ရှင်ဘုရင် ယောယကိမ်မင်းကြီး၏သား ခေါနိသည်၊ ငါ့လက်ျာ လက်၌ပါသော တံဆိပ်လက်စွပ် မှန်သော်လည်း၊ ငါအသက်ရှင်သည်အတိုင်း သင့်ကို ငါပယ်ပစ်မည်။