ဇေဖနိအနာဂတ္တိကျမ်း 2:8
မောဘအမျိုးသားနှင့် အမ္မုန်အမျိုးသားတို့သည် ငါ၏လူမျိုးကို ကဲ့ရဲ့အပြစ်တင်၍၊ ငါ၏လူနေရာတဘက်၌ ဝါကြွားသော စကားကို ငါကြားပြီ။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ဇေဖနိအနာဂတ္တိကျမ်း 2
Cross References
Genesis 19:37သမီးအကြီးသည် သားကို ဘွား၍မောဘအမည် ဖြင့် မှည့်လေ၏။ ထိုသူသည် ယနေ့တိုင်အောင်ရှိသော မောဘအမျိုးသားတို့၏ အဘဖြစ်သတည်း။
Psalms 83:4ဣသရေလ၏နာမကို နောက်တဖန်အောက် မေ့စရာမရှိစေခြင်းငှါ လာကြ၊ သူတို့အမျိုးကို ပယ်ဖြတ် ကြကုန်အံ့ဟု ဆိုကြပါ၏။
Jeremiah 12:14ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါပေး သနား၍၊ ငါ၏လူ ဣသရေလအမျိုးပိုင်ထိုက်သော အမွေ ကို ထိခိုက်သော၊ ငါ၏အိမ်နီးချင်းဆိုးအပေါင်းတို့ကို၊ သူတို့ ပြည်ထဲက ငါနှုတ်မည်။ သူတို့အထဲကလည်း ယုဒအမျိုးကို ငါနှုတ်မည်။
Jeremiah 48:27သင်သည်ဣသရေလကို ကဲ့ရဲ့ပြီမဟုတ်လော။ သို့ရာတွင်၊ သူသည်သူခိုးတို့နှင့်ပေါင်းဘော်သည်ကို တွေ့ဘူးသလော။ သူ၏အကြောင်း ကိုပြောလေရာရာ၌ သင်သည်ခေါင်းကိုညှိတ်ပါသည်တကား။
Ezekiel 25:1တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊
Ezekiel 25:8တဖန်မောဘပြည်နှင့် စိရမြို့က၊ ယုဒအမျိုး သည် တပါးအမျိုးသားအပေါင်းတို့နှင့် တူသည်ဟု ဆိုသောကြောင့်၊