Daniel 10:10
ထိုအခါလက်တဘက်သည်ငါ့ကို ကြွ၍၊ ငါသည် ဒူးနှင့် လက်ဝါးဖြင့် ထောက်လျက်နေရ၏။
1835 Judson Burmese Bible
In The King James Version
And, behold, an hand touched me, which set me upon my knees and upon the palms of my hands.
In Context
9သို့ရာတွင်၊ ထိုသူ၏ စကားသံကို ငါကြား၏။ ကြားသောအခါ မြေပေါ်မှာပြပ်ဝပ်၍ မိန်းမောတွေဝေ လျက်နေ၏။
Cross References
Daniel 8:18ထိုသို့ ဆိုသောအခါ ငါသည် မြေပေါ်မှာပြပ်ဝပ်၍ မိန်းမော တွေဝေလျက်နေ၏။ ထိုသူသည်ငါ့ကိုလက်နှင့် တို့၍ ယခင်နေရာ၌ မတ်တတ်နေစေပြီးလျှင်၊
Daniel 10:16ထိုအခါ လူသား၏ သဏ္ဌာန်ရှိသော သူတဦး သည် ငါ့နှုတ်ကို လက်နှင့်တို့လျှင်၊ ငါသည်နှုတ်ကို ဖွင့်၍ ပြောရသောအခွင့်ကို ရပြီးလျှင်၊ အကျွန်ုပ်၏သခင်၊ ဗျာဒိတ်ရူပါရုံကြောင့် အကျွန်ုပ်သည် ပြင်းစွာသော ဝေဒနာကို ခံရ၍၊ ကိုယ်၌ ခွန်အားအလျှင်းမရှိပါ။
Revelation 1:17ထိုသူကိုငါမြင်သောအခါ၊ သေမတတ်ဖြစ်၍ ခြေတော်ရင်း၌ လဲလျက်နေ၏။ ထိုသူသည်လက်ျာ လက်ထောက်ကို ငါ့အပေါ်သို့ တင်လျက်၊ ကြောက်ရွံ့ ခြင်းမရှိနှင့်။ ငါသည်အဦးဆုံးသောသူ၊ နောက်ဆုံးသော သူဖြစ်၏။