တရားဟောရာကျမ်း 10:21
ထာဝရဘုရားသည် သင်၏ဂုဏ်အသရေ၊ သင်၏ဘုရားသခင် ဖြစ်တော်မူ၏။ သင်သည် ကိုယ် မျက်စိနှင့် မြင်သည်အတိုင်း၊ ကြောက်မက်ဘွယ်သော အမူအရာကြီးတို့ကို သင့်အဘို့ပြုတော်မူပြီ။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Exodus 34:10ထာဝရဘုရားက၊ ကြည့်ရှုလော့။ ငါပဋိညာဉ်ပြု၏။ မြေကြီးပေါ်မှာ လူမျိုး၌ မပြုစဖူးသော အံ့ဘွယ်သောအမှုတို့ကို သင်၏လူမျိုးရှေ့မှာ ငါပြုမည်။ သင်တို့အဘို့ ငါထာဝရဘုရား ပြုရသောအမှုသည် ကြောက်မက်ဘွယ်သောအမှု ဖြစ်ကြောင်းကို သင်ပေါင်းဘော်သော လူအပေါင်းတို့သည် မြင်ရကြလိမ့်မည်။
Deuteronomy 4:34သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည်၊ အဲဂုတ္တုပြည်မှာ သင်တို့မျက်မှောက်၌ ပြုတော်မူသကဲ့သို့၊ စုံစမ်းခြင်းနိမိတ်လက္ခဏာနှင့် အံ့ဘွယ်သောအမှုတို့ကို ပြခြင်း၊ စစ်မှုကိုရောက်စေခြင်း၊ အားကြီးသော လက်ရုံး တော်ကို ဆန့်ခြင်း၊ ကြောက်မက်ဘွယ်သော ရူပါရုံတို့ကို ပြခြင်းအားဖြင့်၊ အခြားတပါးသော ဘုရားသည် သွား၍ လူတမျိုးထဲက တမျိုးကို မိမိအဘို့ နှုတ်ယူဘူးသလော။
1 Samuel 12:24သို့ရာတွင် ထာဝရဘုရားကို ကြောက်ရွံ့၍ သစ္စာနှင့်တကွ စိတ်နှလုံးအကြွင်းမဲ့ ဝတ်ပြုကြလော့။ သင်တို့အဘို့ အဘယ်မျှလောက် ပြုတော်မူပြီးသည်တို အောက်မေ့ကြလော့။
Psalms 22:3ကိုယ်တော်မူကား၊ ဣသရေလအမျိုးသားတို့ ချီးမွမ်းရာ၌ ကျိန်းဝပ်လျက် သန့်ရှင်းခြင်းရှိတော်မူ၏။
Psalms 109:1အကျွန်ုပ် ချီးမွမ်းသော ဘုရားသခင်၊ တိတ် ဆိတ်စွာနေတော်မမူပါနှင့်။
Isaiah 60:19နောက်တဖန် နေ့အချိန်၌ သင်၏အလင်းသည် နေပေးသော အလင်းမဟုတ်၊ ညဉ့်အချိန်၌လည်း၊ လ အရောင်သည် သင့်ကို မလင်းစေရ။ အကြောင်းမူကား၊ ထာဝရဘုရားသည် သင်၌ ထာဝရအလင်း၊ သင်၏ဘုရား သခင်သည် သင်၏ဘုန်းအသရေဖြစ်တော်မူလိမ့်မည်။