Ecclesiastes 9:12
လူသည် မိမိကာလအချိန်ကိုမသိတတ်။ ဘေးပြု ရာ ပိုက်ကွန်အုပ်မိသော ငါးကဲ့သို့၎င်း၊ ကျော့ကွင်း၌ ကျော့မိသော ငှက်ကဲ့သို့၎င်း၊ လူသားတို့သည် ဘေးပြုရာ ကာလထဲသို့ အမှတ်တမဲ့ရောက်၍ ကျော့မိတတ်ကြ၏။
1835 Judson Burmese Bible
In The King James Version
In Context
13နေအောက်မှာ ငါတွေ့မြင်၍ ချီးမွမ်းဘွယ်သော ပညာဟူမူကား၊
Cross References
Psalms 11:6မတရားသောသူတို့အပေါ်မှာ တောက်သော မီးခဲ၊ ကန့်နှင့်ရောသောမီးလျှံ၊ ပူလောင်သော မုန်တိုင်းကို သက်ရောက်စေ၍၊ သူတို့သောက်စရာဘို့ စီရင်တော် မူမည်။
Psalms 73:19တခဏခြင်းတွင် အကျိုးနည်းကြပါပြီတကား။ ဘေးဥပဒ်များအားဖြင့် ရှင်းရှင်းပယ်ပျောက်လျက် ရှိကြပါ ပြီတကား။
Proverbs 7:22နွားသည်အသေခံရာသို့ လိုက်သကဲ့သို့၎င်း၊ သမင်ဒရယ်သည် မိမိအသည်း၌ မြှားမထိုးမှီတိုင်အောင်၊ ဘမ်းမိရာထဲသို့ ဝင်သကဲ့သို့၎င်း၊
Proverbs 29:6အဓမ္မလူပြစ်မှားရာ၌ ကျော့ကွင်းထောင်လျက် ရှိ၏။ ဖြောင့်မတ်သောသူမူကား၊ ရွှင်လန်းစွာ သီချင်း ဆိုတတ်၏။
Ecclesiastes 8:8နံဝိညာဉ်ကို အစိုးရ၍ ချုပ်ထားနိုင်သော လူတ ယောက်မျှမရှိ။ သေချိန်ရောက်သောအခါ တန်ခိုးမရှိ။ ထိုစစ်မှုထဲက ထွက်စရာအခွင့်မရှိ။ ဒုစရိုက်ကို ပြုသော် လည်း၊ ဒုစရိုက်သည် ထိုအမှုထဲက မကယ်မနှုတ်နိုင်။
Isaiah 30:13သင်တို့အပြစ်သည် ပြိုကျလုသော အုတ်ရိုးပျက် ကဲ့သို့၎င်း၊ မြင့်သောအုတ်ထရံ၌ မညီမညွတ် ထွက်ဝင်သ ကဲ့သို့၎င်း ဖြစ်လိမ့်မည်။ ထိုထရံသည် အလျင်တဆော ချက်ခြင်း ပြိုပျက်တတ်၏။