ကမ္ဘာဦးကျမ်း 41:15
ဖါရောမင်းကလည်း၊ ငါသည်အိပ်မက်ကို မြင် မက်ပြီ။ အနက်ကို အဘယ်သူမျှမဘတ်နိုင်။ သင်သည် အိပ်မက်ကို နားလည်သော ဉာဏ်နှင့် အနက်ဘတ်နိုင် သည်ကို ငါကြားရပြီဟုဆို၏။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Genesis 40:8သူတို့ကလည်း၊ ငါတို့သည် အိပ်မက်ကိုမြင်ရပြီ။ အနက်ကို ဘတ်နိုင်သောသူ မရှိဟုဆိုကြသော်၊ ယောသပ် က၊ အိပ်မက်အနက်များကို ဘုရားသခင်ဆိုင်တော်မူသည် မဟုတ်လော။ သို့ဖြစ်၍ သင်တို့အိပ်မက်ကို ကျွန်ုပ်အား ကြားပြောကြပါဟုဆို၏။
2 Chronicles 26:5ဘုရားသခင်၏ ဗျာဒိတ်ရူပါရုံကို နားလည် သော ဇာခရိလက်ထက်၌၊ ဩဇိမင်းသည် ဘုရားသခင်ကို ဆည်းကပ်၏။ ထာဝရဘုရားကို ဆည်းကပ်သော ကာလပတ်လုံး၊ ဘုရားသခင်သည် အကြံထမြောက် ရသော အခွင့်ကို ပေးတော်မူ၏။
Daniel 5:12အကြောင်းမူကား၊ အိပ်မက်အနက်ကို ဘတ်ခြင်း၊ နက်နဲခက်ခဲသောအရာကို ဖွင့်ပြခြင်း၊ ပုစ္ဆာအမေးကို ဖြေခြင်းငှါ တတ်စွမ်းနိုင် သောဉာဏ်ပညာ နှင့်တကွ၊ ထူးဆန်းသောစိတ်ဝိညာဉ်သည် ဒံယေလ အမည်ရှိသော ထိုသူတွင် ထင်ရှားလျက်ရှိပါ၏။ ဗေလတ ရှာဇာဟူသော ဘွဲ့နာမကိုလည်း ရှင်ဘုရင် ပေးသနား တော်မူ၏။ ထိုဒံယေလကို ခေါ်တော်မူလျှင်၊ အနက်ကို ဟောပြောပါလိမ့်မည်ဟု လျှောက်သော်၊
Daniel 5:16သင်သည် အနက်များကို ဘော်ပြ၍ ပုစ္ဆာ အမေးတို့ကို ဖြေနိုင်သည်ဟု ငါကြားပြီးအတိုင်း၊ ထိုစာကိုဘတ်၍ အနက်ကိုငါ့အားဘောပြနိုင်လျှင်၊ အဝတ်နီကိုဝတ်ဆင်၍ လည်ပင်း၌ ရွှေစလွယ်ဆွဲလျက်၊ နိုင်ငံတော်တွင် တတိယမင်းဖြစ်ရလိမ့်မည်ဟု မိန့်တော် မူ၏။