ကမ္ဘာဦးကျမ်း 47:13
အလွန်အစာခေါင်းပါး၍ တပြည်လုံးစားစရာ မရှိသောကြောင့်၊ အဲဂုတ္တုပြည်နှင့် ခါနာန်ပြည်သည် အားလျော့လေ၏။
1835 Judson Burmese Bible
In The King James Version
In Context
12အဘနှင့် အစ်ကိုများ၊ အဘ၏အိမ်သားရှိသမျှ တို့ကို အနည်းအများအလိုက် ကျွေးမွေး၏။
Cross References
Genesis 41:30ထိုနောက်မှ အစာခေါင်းပါးသောနှစ် ခုနစ်နှစ် ပေါ်လာ၍၊ အဲဂုတ္တုပြည်၌အလုံးစုံသော ဝပြောခြင်းသည် တိမ်မြုပ်လျက် အစာခေါင်းပါးခြင်းအားဖြင့် တပြည်လုံး ပျက် စီးလိမ့်မည်။
1 Kings 18:5အာဟပ်ကလည်း၊ တပြည်လုံးသို့လှည့်လည်၍ စမ်းရေတွင်းများ၊ ချောင်းများရှိရာအရပ်ရပ်သို့ သွားလော့။ တိရစ္ဆာန်အပေါင်းတို့သည် မသေ၊ မြင်းနှင့်လားတို့သည် အသက်လွတ်မည်အကြောင်း၊ မြက်ပင်ကို တွေ့ကောင်းတွေ့လိမ့်မည်ဟု ဩဗဒိအားဆိုလျက်၊
Jeremiah 14:1မိုဃ်းပြတ်သောအမှုကို ရည်မှတ်၍၊ ယေရမိသို့ ရောက်သော ထာဝရဘုရား၏ နှုတ်ကပတ်တော်ဟူ မူကား၊
Lamentations 4:9ထားဖြင့်သေသောသူသည်၊ ငတ်မွတ်၍ သေ သောသူထက် သာ၍ မင်္ဂလာရှိ၏။ ငတ်မွတ်၍ သေသောသူသည် အသီးအနှံပြတ်ခြင်းအားဖြင့် ထိုးဖေါက်၍ ပိန်ကြုံရ၏။
Acts 7:11ခါနာန်ပြည်နှင့်အဲဂုတ္တုပြည် တရှောက်လုံး၌ အစာခေါင်းပါးခြင်း၊ ကြီးစွာသောဆင်းရဲခြင်းရှိ၍ ငါတို့ အဘများ၌ စားစရာကုန်သော အခါ၊ အဲဂုတ္တုပြည်မှာ ဆန်စပါးရှိသည်ဟု ယာကုပ်သည်ကြားလျှင်၊