The Bible Software
bible.software › ဟဗက္ကုတ်အနာဂတ္တိကျမ်း › ဟဗက္ကုတ်အနာဂတ္တိကျမ်း 3 › ဟဗက္ကုတ်အနာဂတ္တိကျမ်း 3:17

ဟဗက္ကုတ်အနာဂတ္တိကျမ်း 3:17

သင်္ဘောသဖန်းပင် မပွင့်ရ၊ စပျစ်ပင်မသီးရ၊ သံလွင်ပင်၏ကျေးဇူးကို မြော်လင့်၍မခံရ၊ လယ်တို့သည် အသီးအနှံကို မပေးရ၊ သိုးခြံ၌ သိုးကုန်၍ တင်းကုပ်၌ နွားမရှိရ။

1835 Judson Burmese Bible

In The King James Version

Although the fig tree shall not blossom, neither shall fruit be in the vines; the labour of the olive shall fail, and the fields shall yield no meat; the flock shall be cut off from the fold, and there shall be no herd in the stalls:

In Context

16ဗျာဒိတ်တော်သံကို ငါကြားသောအခါ ရင်၌ လှုပ်ရှားခြင်း၊ မေးခိုင်ခြင်း၊ အရိုးဆွေးမြေ့ခြင်း၊ တကိုယ် လုံးတုန်လှုပ်ခြင်းရှိ၏။ အကြောင်းမူကား၊ အမှုရောက် သောနေ့၊ လုပ်ကြံသောသူသည် ငါ၏လူမျိုးကို တိုက်လာ သောနေ့တိုင်အောင် ငါသည် နေရစ်ရမည်။

18သို့သော်လည်း၊ ထာဝရဘုရား၌ ငါဝမ်းမြောက် ၍၊ ငါ့ကို ကယ်တင်တော်မူသော ဘုရားသခင်ကို အမှီပြု လျက် ရွှင်လန်းမည်။

Read all of ဟဗက္ကုတ်အနာဂတ္တိကျမ်း 3

Cross References

Deuteronomy 28:30မိန်းမနှင့်လက်ထပ်ပြီးသော်လည်း အခြားသော သူသည် ပေါင်းဘော်ရလိမ့်မည်။ အိမ်ကို ဆောက်သော် လည်း ကိုယ်တိုင်မနေရ။ စပျစ်ဥယျာဉ်ကို စိုက်သော် လည်း စပျစ်သီးကို မဆွတ်မယူရ။

Jeremiah 5:17ထိုသူတို့သည် သင်၏အသီးအနှံနှင့် သင်၏မုန့် ကို စားကြလိမ့်မည်။ သင်၏သားသမီးတို့ကိုလည်း စားကြ လိမ့်မည်။ သင်၏သိုးနွားတို့ကိုလည်း စားကြလိမ့်မည်။ သင်၏စပျစ်နွယ်ပင်နှင့် သင်္ဘောသဖန်းပင်တို့ကိုလည်း စားကြလိမ့်မည်။ သင်ခိုလှုံ၍ ခိုင်ခံ့သောမြို့တို့ကိုလည်း တိုက်၍ လုပ်ကြံကြလိမ့်မည်။

Joel 1:10လယ်သည် ပျက်၏။ မြေသည် ညှိုးငယ်၏။ စပါးလည်း ပျက်၏။ ချိုသော စပျစ်ရည်ကုန်ပြီ။ ဆီလည်း လျော့ပြီ။

Amos 4:6ငါသည်လည်း၊ သင်တို့မြို့ရွာရှိသမျှတို့၌ သွားတို့၏ စင်ကြယ်ခြင်းကို၎င်း၊ သင်တို့နေရာအရပ်ရှိသမျှတို့၌ အစာခေါင်းပါးခြင်းကို၎င်းပေးသော်လည်း၊ သင်တို့သည် ငါ့ထံသို့ပြန်၍ မလာကြဟုထာဝရဘုရားမိန့်တော်မူ၏။

Malachi 3:11ကိုက်စားတတ်သော အကောင်ကို သင်တို့ အတွက် ငါဆုံးမ၍၊ သင်တို့၏ မြေအသီးအနှံကို မဖျက်ဆီး ရ။ သင်တို့၏စပျစ်ဥယျာဉ်သည် အသီးမသီးဘဲ မနေရဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူ၏။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ဟဗက္ကုတ်အနာဂတ္တိကျမ်း 3:17

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ဟဗက္ကုတ်အနာဂတ္တိကျမ်း 3:16ဟဗက္ကုတ်အနာဂတ္တိကျမ်း 3ဟဗက္ကုတ်အနာဂတ္တိကျမ်း 3:18 →