ယေရမိအနာဂတ္တိကျမ်း 13:20
မြောက်မျက်နှာကလာသော သူတို့ကို မျှော်၍ ကြည့်လော့။ သင့်အား ငါပေးသော သိုးစု၊ လှသောသိုးစု သည် အဘယ်မှာရှိသနည်း။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ယေရမိအနာဂတ္တိကျမ်း 13
Cross References
Proverbs 14:28ပြည်သားများပြားရာ၌ ရှင်ဘုရင်၏ဘုန်းတော် တည်၏။ ပြည်သားနည်းပါးရာ၌ကား၊ မင်းအကျိုးနည်း ခြင်းရှိ၏။
Jeremiah 1:14ထာဝရဘုရားက၊ မြောက်မျက်နှာဘက်ကဘေးဥပဒ်သည်၊ ဤပြည်သားတို့အပေါ်သို့ ထွက်လာလိမ့်မည်။
Jeremiah 10:22အသံကိုကြားရ၏။ အနီးသို့လာ၏။ ယုဒမြို့တို့ကို ဖျက်ဆီး၍၊ မြေခွေးနေရာတွင် ဖြစ်စေခြင်းငှါ၊ ကြီးသော အသံဗလံသည် မြောက်မျက်နှာကလာ၏။
Jeremiah 23:2ထိုကြောင့်၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါ၏ လူတို့ကို ကျွေးမွေးရသော သိုးထိန်းတို့အမှုမှာ သင်တို့သည် ငါ၏ သိုးစုကို မကြည့်ရှု၊ မပြုစု၊ အရပ်ရပ်သို့ ကွဲပြားစေ၍ နှင်ထုတ်သောကြောင့်၊ သင်တို့ပြုသော ဒုစရိုက်အပြစ်ကို သင်တို့အပေါ်မှာ ငါသက်ရောက်စေမည်ဟု ထာဝရ ဘုရားမိန့်တော်မူ၏။
Habakkuk 1:6ပြင်းထန်လျင်မြန်သော ခါလဒဲအမျိုးကို ငါနှိုး ဆော်၏။ ကိုယ်မပိုင်သော နေရာအရပ်တို့ကို သိမ်းယူ ခြင်းငှါ မြေတပြင်လုံး၌ ချီသွားကြလိမ့်မည်။
John 10:12သိုးများကိုပိုင်သောသိုးထိန်းမဟုတ်၊ သူငှါးဖြစ်သောသူမူကား၊ တောခွေးလာသည်ကိုမြင်လျှင်၊ သိုးတို့ကို ပြစ်ထား၍ ထွက်ပြေးတတ်၏။ တောခွေးသည်လည်း၊ သိုးတို့ကို လုယက်၍ကွဲလွင့်စေ၏။