ရှင်မာကုခရစ်ဝင် 10:38
ယေရှုကလည်း၊ သင်တို့သည် အဘယ်သို့တောင်းပန်သည်ကို သင်တို့မသိကြ။ ငါသောက်သောခွက်ကို သောက်ခြင်းငှါ၎င်း၊ ငါခံသောဗတ္တိဇံကိုခံခြင်းငှါ၎င်း၊ သင်တို့သည် တတ်စွမ်းနိုင်သလောဟု မေးတော်မူလျှင်၊
1835 Judson Burmese Bible
In The King James Version
In Context
Read all of ရှင်မာကုခရစ်ဝင် 10
Cross References
Psalms 75:8ထာဝရဘုရား၏လက်တော်၌ ဖလားရှိ၏။ နီသောစပျစ်ရည်ပါ၏။ ဆေးမျိုးနှင့်ရောလျက်ရှိ၏။ ထိုစပျစ်ရည်ကို လောင်းတော်မူ၏။ အနည်အဖတ်ကို လည်း မတရားသော မြေသားအပေါင်းတို့သည် ညှစ်၍ သောက်ရကြ၏။
Jeremiah 25:15ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရား ကလည်း၊ အမျက်တော်စပျစ်ရည်ဖလားကို ငါ့လက်မှ မခံယူ လော့။ ငါသည်သင့်ကို စေလွှတ်သော လူမျိုးအပေါင်း တို့ကို သောက်စေလော့။
Matthew 20:21ကိုယ်တော်၏နိုင်ငံတွင် ကျွန်မ၌ ဤသားနှစ်ယောက်တို့သည် လက်ျာတော်ဘက်၌တယောက်၊ လက်ဝဲ တော်ဘက်၌တယောက် ထိုင်ရသောအခွင့်ကိုပေးတော်မူပါဟု လျှောက်လေ၏။
Mark 14:36ကိုယ်တော်သည် အလုံးစုံတို့ကိုတတ်နိုင်တော်မူ၏။ ဤခွက်ကို အကျွန်ုပ်မှလွှဲတော်မူပါ။ သို့သော်လည်း အကျွန်ုပ်အလိုရှိသည်အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော်အလိုရှိသည်အတိုင်း ဖြစ်ပါစေသောဟူ၍ ထိုအချိန် နာရီ သည် မိမိနှင့်လွန်သွားနိုင်လျှင် လွန်သွားပါမည်အကြောင်း ဆုတောင်းတော်မူပြီးမှ၊
Luke 22:42အိုအဘ၊ အလိုတော်ရှိလျှင် ဤခွက်ကို အကျွန်ုပ်မှ လွှဲတော်မူပါ။ သို့သော်လည်း အကျွန်ုပ်အလိုရှိ သည်အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော်အလိုရှိသည်အတိုင်း ဖြစ်ပါစေသောဟု ဆုတောင်းတော်မူ၏။
Romans 8:26ထိုမှတပါး၊ ငါတို့မတတ်နိုင်သောအရာမှာ ဝိညာဉ်တော်သည် မစတော်မူ၏။ ငါတို့သည်ဆုတောင်း သင့်သည်အတိုင်း အဘယ်ဆုကို တောင်းရမည်ဟုမသိကြ။ သို့ရာတွင် ငါတို့ဆုတောင်းခြင်းအမှုကို နှုတ်မမြွက်နိုင်သော ညည်းတွားခြင်းအားဖြင့် ဝိညာဉ်တော်သည် စောင့်မတော်မူ၏။