Song of Solomon 8:13
ဥယဉ်တို့၌နေသောသူ။ သင်၏စကားသံကို သင်၏ အပေါင်း အဘော် တို့သည် နားထောင် တတ်ကြ၏။ ငါသည်လည်းကြားပါရစေ။
1835 Judson Burmese Bible
In The King James Version
Thou that dwellest in the gardens, the companions hearken to thy voice: cause me to hear it.
In Context
Cross References
Judges 14:11ထိုအရပ်သားတို့သည် ရှံဆုန်ကို မြင်သောအခါ၊ သူနှင့်အတူ ပွဲခံခြင်းငှါ အပေါင်းအဘော်သုံးဆယ်တို့ကို ခေါ်ခဲ့ကြ၏။
Psalms 50:15အမှုရောက်သည်ကာလ၌ ငါ့ကိုပဌနာပြုလော့။ ငါသည် ကယ်လွှတ်မည်။ သင်သည်လည်း ငါ့ကိုချီးမွမ်း လိမ့်မည်ဟု မိန့်တော်မူ၏။
Song of Solomon 2:13သင်္ဘောသဖန်းပင်သည် စိမ်းသောအသီးကို မှည့်စေ၏။ စပျစ်နွယ်ပင်လည်း ပွင့်လျက်မွှေးကြိုင်၏။ ငါချစ်သောနှမ၊ ငါ၏မိန်းမလှ၊ ထ၍လာခဲ့ပါ။
Song of Solomon 4:16မြောက်လေ၊ နိုးပါ။ တောင်လေ၊ လာပါ။ ငါ့ဥယျာဉ်အပေါ်သို့ လာကြပါ။ မွှေးကြိုင်သောအနံ့သည် ပျံ့လှိုင်ပါစေ။ ငါချစ်ရာသခင်သည် ဥယျာဉ်တော်သို့ ဝင်၍၊ ချိုသောအသီးကို စားတော်မူပါစေ။
Song of Solomon 6:2ငါချစ်ရာသခင်သည် ဥယျာဉ်တော်၌ သစ်သီးကို စား၍၊ နှင်းပွင့်ကို ဆွတ်ယူမည်ဟု၊ ဥယျာဉ်တော်တွင် နံ့သာတောသို့ ဆင်းသွားတော်မူပေ၏။
Song of Solomon 7:11ကြွလာတော်မူပါ၊ ငါချစ်ရာသခင်။ ကြွလာတော် မူပါ။ တောအရပ်သို့ ထွက်သွား၍ ရွာတို့၌ ညဉ့်ကိုလွန်စေ ကြကုန်အံ့။