2 ရာဇဝင်ချုပ်ပထမစောင် 11:17
ဒါဝိဒ်မင်းသည်ပြည်တော်ကိုလွမ်းဆွတ် တော်မူသဖြင့်``ငါ့အားဗက်လင်မြို့တံခါး အနီးရှိရေတွင်းမှသောက်ရေတစ်ပေါက် လောက်ယူဆောင်ပေးမည့်သူရှိလျှင် အဘယ် မျှကောင်းလိမ့်မည်နည်း'' ဟုတောင့်တပြော ဆိုတော်မူ၏။-
Common Language Bible
In The King James Version
In Context
Read all of 2 ရာဇဝင်ချုပ်ပထမစောင် 11
Cross References
2 Samuel 23:15ဒါဝိဒ်က``ဗက်လင်မြို့တံခါးအနီးရှိ ရေတွင်းမှရေကိုငါသောက်ချင်ပါဘိ'' ဟုတောင့်တပြောဆိုမိရာ၊-
Psalms 60:9အို ဘုရားသခင်၊ ခိုင်ခံ့လုံခြုံသည့်မြို့တွင်းသို့အဘယ်သူသည် ကျွန်တော်မျိုးအားခေါ်ဆောင်သွားပါမည် နည်း။ အဘယ်သူသည်ကျွန်တော်မျိုးအားဧဒုံပြည် သို့ ပို့ဆောင်ပါမည်နည်း။
Psalms 143:6ကျွန်တော်မျိုးသည်လက်အုပ်ချီ၍ကိုယ်တော်ရှင်၏ ထံတော်သို့ဆုတောင်းပတ္ထနာပြုပါ၏။ ရေငတ်သောမြေကဲ့သို့ကျွန်တော်မျိုး၏ ဝိညာဉ်သည် ကိုယ်တော်ရှင်ကိုတောင့်တပါ၏။
John 4:10သခင်ယေရှုက ``ဘုရားသခင်ပေးသနား တော်မူသောဆုကျေးဇူးတော်ကိုလည်းကောင်း၊ သင့်အားသောက်ရေတစ်ခွက်တောင်းနေသူသည် အဘယ်သူဖြစ်သည်ကိုလည်းကောင်းသင်သည် သိပါလျှင် ထိုသူ၏ထံမှအသက်ရေကို တောင်းလိမ့်မည်။ ထိုသူသည်လည်းသင့်အား ထိုရေကိုပေးလိမ့်မည်'' ဟုမိန့်တော်မူ၏။