Psalms 143:6
ကျွန်တော်မျိုးသည်လက်အုပ်ချီ၍ကိုယ်တော်ရှင်၏ ထံတော်သို့ဆုတောင်းပတ္ထနာပြုပါ၏။ ရေငတ်သောမြေကဲ့သို့ကျွန်တော်မျိုး၏ ဝိညာဉ်သည် ကိုယ်တော်ရှင်ကိုတောင့်တပါ၏။
Common Language Bible
In The King James Version
I stretch forth my hands unto thee: my soul thirsteth after thee, as a thirsty land. Selah.
In Context
Cross References
Exodus 9:29ထိုအခါမောရှေက``ကျွန်ုပ်သည်မြို့ပြင်သို့ ရောက်လျှင် ထာဝရဘုရားထံသို့လက်များ ကိုမြှောက်၍ဆုတောင်းပေးပါမည်။ ထာဝရ ဘုရားသည်ကမ္ဘာမြေကြီးကိုအစိုးရတော် မူကြောင်း ကိုယ်တော်သိစေခြင်းငှာမိုးကြိုး သံနှင့်မိုးသီးမိုးရပ်စဲလိမ့်မည်။-
Job 11:13သင်သည် စိတ်နှလုံးကို ပြင်ဆင်၍ လက်တို့ကို ဘုရားသခင်ထံတော်သို့ ဆန့်လျှင်၎င်း၊
Psalms 42:3ငါသည်နေ့ရောညပါငိုကြွေးရသဖြင့် မျက်ရည်များသည်ငါ၏အစားအစာဖြစ် တော့၏။ ရန်သူတို့ကငါ့အား``သင်၏ဘုရားသည် အဘယ်မှာရှိသနည်း'' ဟုအစဉ်ပင် မေးလျက်နေကြ၏။
Psalms 63:1အို ဘုရားသခင်၊ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ ဘုရားဖြစ်တော်မူ၍ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်အားတမ်းတပါ၏။ ကျွန်တော်မျိုးသည်စိတ်ရောကိုယ်ပါ ကိုယ်တော်ရှင်ကိုစောင့်မျှော်တသပါ၏။ ကျွန်တော်မျိုး၏ဝိညာဉ်သည်ရေမရှိသည့် မြေဆီလွှာကဲ့သို့ခြောက်သွေ့နွမ်းရိလျက် ကိုယ်တော်ရှင်အားတောင့်တပါ၏။
Psalms 88:9ကျွန်တော်မျိုးခံရသောဒုက္ခကြောင့်မျက်စိများသည် ပြာဝေလျက်ရှိပါ၏။ အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်နေ့စဉ်နေ့တိုင်းကိုယ်တော်ရှင် အားခေါ်ပါ၏။ လက်အုပ်ချီ၍ကိုယ်တော်ထံဆုတောင်းပတ္ထနာပြုပါ၏။
Isaiah 26:8ကျွန်တော်မျိုးတို့သည်ကိုယ်တော်ရှင်၏ အလိုတော်အတိုင်းလိုက်၍၊ ကိုယ်တော်ရှင်အားမျှော်ကိုးလျက်ရှိကြပါ၏။ ကိုယ်တော်ရှင်ကိုသာလျှင် တောင့်တကြပါ၏။