The Bible Software
bible.software › 2 ရာဇဝင်ချုပ်ပထမစောင် › 2 ရာဇဝင်ချုပ်ပထမစောင် 17 › 2 ရာဇဝင်ချုပ်ပထမစောင် 17:21

2 ရာဇဝင်ချုပ်ပထမစောင် 17:21

ကမ္ဘာ​မြေ​ကြီး​ပေါ်​တွင်​ဣ​သ​ရေ​လ​လူ​မျိုး​နှင့် တူ​သော​လူ​မျိုး​မ​ရှိ​ပါ။ သူ​တို့​အား​ကိုယ်​တော် ရှင်​သည်​မိ​မိ​ပိုင်​တော်​မူ​သော​လူ​မျိုး​တော်​ဖြစ် လာ​စေ​ရန် ကျွန်​ဘ​ဝ​မှ​ကယ်​ဆယ်​တော်​မူ​ခဲ့ ပါ​၏။ သူ​တို့​အ​တွက်​ကိုယ်​တော်​ပြု​တော်​မူ သော​ကြီး​မြတ်​၍​အံ့​သြ​ဖွယ်​ကောင်း​သည့် အ​မှု​များ​ကြောင့် ဂုဏ်​သတင်း​တော်​သည်​ကမ္ဘာ သို့​ပျံ့​နှံ့​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​မိ​မိ​၏ လူ​စု​တော်​အား​အီ​ဂျစ်​ပြည်​မှ​ကယ်​ဆယ် တော်​မူ​ခဲ့​ပြီး​လျှင် သူ​တို့​ချီ​တက်​လာ​ကြ သော​အ​ခါ​အ​ခြား​လူ​မျိုး​အ​ပေါင်း​တို့ ကို​နှင်​ထုတ်​တော်​မူ​ပါ​၏။-

Common Language Bible

In The King James Version

And what one nation in the earth is like thy people Israel, whom God went to redeem to be his own people, to make thee a name of greatness and terribleness, by driving out nations from before thy people, whom thou hast redeemed out of Egypt?

In Context

20အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​နှင့်​အ​ဘယ် သူ​မျှ​မ​တူ​ပါ။ ကျွန်​တော်​မျိုး​တို့​အ​စဉ်​သိ မြင်​သည်​အ​တိုင်း ကိုယ်​တော်​ရှင်​သာ​လျှင် ဘု​ရား​သခင်​ဖြစ်​တော်​မူ​ပါ​၏။-

22ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ကိုယ်​တော်​ရှင် ထာ​ဝ​စဉ်​ပိုင်​တော်​မူ​သော​လူ​မျိုး​တော်​ဖြစ်​စေ တော်​မူ​ပါ​ပြီ။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော် ရှင်​သည်​သူ​တို့​၏​ဘု​ရား​သ​ခင်​ဖြစ်​လာ​တော် မူ​ပါ​ပြီ။

Read all of 2 ရာဇဝင်ချုပ်ပထမစောင် 17

Cross References

Exodus 19:4``ငါ​သည်​အီဂျစ်​အ​မျိုး​သား​တို့​အား​မည်​ကဲ့​သို့ ဒဏ်​ခတ်​ခဲ့​ပုံ​ကို​လည်း​ကောင်း၊ လင်း​ယုန်​ငှက်​၏ အ​တောင်​များ​ဖြင့်​သယ်​ဆောင်​သ​ကဲ့​သို့၊ ငါ​သည် သင်​တို့​ကို​ဘေး​မဲ့​လုံ​ခြုံ​စွာ​သယ်​ဆောင်​ခဲ့​ပုံ ကို​လည်း​ကောင်း​သင်​တို့​မြင်​ရ​ကြ​ပြီ။-

Deuteronomy 4:32``ဘု​ရား​သ​ခင်​သည်​ကမ္ဘာ​ပေါ်​တွင် လူ​ကို​ဖန်​ဆင်း သော​အ​ချိန်​မှ​အ​စ​ပြု​၍​သင်​တို့​မ​ဖွား​မြင် မီ​အ​တိတ်​ကာ​လ​အ​တွင်း​ကမ္ဘာ​လော​က​တစ်​ဝန်း လုံး​တွင် ဤ​မျှ​လောက်​အံ့​သြ​ဖွယ်​သော​အ​မှု​ကြီး ဖြစ်​ပျက်​ဖူး​ပါ​သ​လော။ ယင်း​ကဲ့​သို့​သော​အ​မှု ကြီး​၏​သ​တင်း​ကို​ကြား​ဖူး​ပါ​သ​လော။ စူး စမ်း​ရှာ​ဖွေ​ကြည့်​လော့။-

Deuteronomy 15:15သင်​တို့​သည်​အီ​ဂျစ်​ပြည်​တွင်​ကျွန်​ခံ​ရာ​မှ သင် တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင် တို့​အား​လွတ်​မြောက်​စေ​ခဲ့​ကြောင်း​ကို​သ​တိ ရ​ကြ​လော့။ ထို​အ​ကြောင်း​ကြောင့် ငါ​သည် ယ​ခု​ဤ​ပညတ်​ကို​သင်​တို့​အား​ပေး​၏။''

Joshua 10:42ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​သား တို့​ဘက်​မှ​ကူ​ညီ​တိုက်​ခိုက်​သော​ကြောင့် ယော​ရှု သည်​ထို​မင်း​အ​ပေါင်း​တို့​နှင့်​သူ​တို့​၏​တိုင်း ပြည်​များ​ကို​ဆက်​တိုက်​နှိမ်​နင်း​အောင်​မြင် ခဲ့​သည်။-

Joshua 24:11ထို​နောက်​သင်​တို့​သည်​ယော်​ဒန်​မြစ်​ကို​ဖြတ်​ကူး ၍ ယေ​ရိ​ခေါ​မြို့​သို့​ရောက်​ရှိ​ကြ​သည်။ ယေ​ရိ​ခေါ မြို့​သား၊ အာ​မော​ရိ​အ​မျိုး​သား၊ ဖေ​ရ​ဇိ​အ​မျိုး သား၊ ခါ​နာန်​အ​မျိုး​သား၊ ဟိတ္တိ​အ​မျိုး​သား၊ ဂိ​ရ ဂါ​ရှိ​အ​မျိုး​သား၊ ဟိ​ဝိ​အ​မျိုး​သား​နှင့်​ယေ ဗု​သိ​အ​မျိုး​သား​တို့​သည်​သင်​တို့​ကို​တိုက်​ခိုက် ကြ​သည်။ သို့​ရာ​တွင်​ငါ​သည်​သင်​တို့​အား​သူ တို့​အ​ပေါင်း​တို့​ကို​တိုက်​ခိုက်​အောင်​မြင်​စေ သည်။-

Psalms 44:2ကိုယ်​တော်​ရှင်​ကိုယ်​တိုင်​အ​ခြား​လူ​မျိုး​တို့​အား နှင်​ထုတ်​တော်​မူ​၍ ကိုယ်​တော်​၏​လူ​စု​တော်​အား​ထို​သူ​တို့​၏​ပြည်​တွင် နေ​ရာ​ချ​ထား​တော်​မူ​ကြောင်း၊ လူ​မျိုး​ခြား​တို့​အား​အ​ပြစ်​ဒဏ်​ပေး​တော်​မူ​၍ ကိုယ်​တော်​ရှင်​၏​လူ​စု​တော်​အား​ကြီး​ပွား တိုး​တက်​စေ​တော်​မူ​ကြောင်း​ကို​ပြော​ပြ​ပါ​၏။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study 2 ရာဇဝင်ချုပ်ပထမစောင် 17:21

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← 2 ရာဇဝင်ချုပ်ပထမစောင် 17:202 ရာဇဝင်ချုပ်ပထမစောင် 172 ရာဇဝင်ချုပ်ပထမစောင် 17:22 →