ကောရိန္တုဩဝါဒစာပထမစောင် 1:6
ငါတို့ဟောပြောကြေညာသည့်ခရစ်တော် အကြောင်းသတင်းကောင်းသည် သင်တို့အထဲ တွင်အမြစ်စွဲလျက်ရှိ၏။-
Common Language Bible
In The King James Version
Even as the testimony of Christ was confirmed in you:
In Context
Read all of ကောရိန္တုဩဝါဒစာပထမစောင် 1
Cross References
Mark 16:20တပည့်တော်တို့သည်အရပ်တကာသို့သွားရောက် ၍ တရားဟောပြောကြ၏။ သခင်ဘုရားသည် သူတို့နှင့်အတူလုပ်ဆောင်၍ သူတို့ဟောပြောသော တရားတော်မှန်ကန်ကြောင်းကိုသက်သေပြရန် သူတို့အားနိမိတ်လက္ခဏာများပြနိုင်သော တန်ခိုးကိုပေးတော်မူ၏။] ရှင်မာကုခရစ်ဝင်ပြီး၏။
Acts 11:21သူတို့သည်သခင်ဘုရား၏တန်ခိုးတော် ကိုခံယူရသဖြင့် လူအမြောက်အမြား ပင်ယုံကြည်၍သခင်ဘုရားထံပြောင်းလဲ လာကြ၏။
Acts 20:21နောင်တရ၍ဘုရားသခင်ထံတော်သို့ချဉ်း ကပ်ကြစေရန်နှင့် ငါတို့၏သခင်ယေရှုကို ယုံကြည်ကြစေရန် ငါသည်ယုဒအမျိုးသား များအားလည်းကောင်း၊ ဂရိအမျိုးသားအား လည်းကောင်းလေးနက်စွာသတိပေးခဲ့၏။-
Acts 22:18ထိုဗျာဒိတ်ရူပါရုံတွင်သခင်ဘုရားသည် ထင်ရှား၍ `သင်သည်ဆိုင်းငံ့၍မနေဘဲယေရု ရှလင်မြို့မှ အလျင်အမြန်ထွက်ခွာသွားလော့။ ဤမြို့သားတို့သည်ငါ၏အကြောင်းသင်သက် သေခံချက်ကိုလက်ခံကြလိမ့်မည်မဟုတ်' ဟုမိန့်တော်မူ၏။-
Acts 28:23ထိုသူတို့သည်ရက်ချိန်းပေးကြ၏။ ချိန်းသည့်နေ့ ၌ ပေါလုတည်းခိုရာသို့လူအမြောက်အမြား လာရောက်ကြ၏။ ပေါလုသည်နံနက်မှညနေ ချမ်းတိုင်အောင် ဘုရားသခင်၏နိုင်ငံတော်ဆိုင် ရာတရားတော်အကြောင်းကိုရှင်းလင်းဖော် ပြ၏။ သခင်ယေရှု၏အကြောင်းတော်ကိုလည်း မောရှေ၏ပညတ်ကျမ်းနှင့်ပရောဖက်ကျမ်း များမှကောက်နုတ်ကာ ထိုသူတို့နားလည် သဘောပေါက်လာစေရန်ကြိုးစား၍ဟော ပြော၏။
1 Corinthians 2:1သို့ဖြစ်သောကြောင့်ညီအစ်ကိုတို့၊ ငါသည် သင်တို့ထံသို့လာရောက်၍ ဘုရားသခင်၏ နက်နဲသောသမ္မာတရားတော်ကိုဟောပြောစဉ် အခါကထည်ဝါသောစကားများ၊ အသိ ပညာနှင့်ယှဉ်သောစကားများဖြင့်ဟော ပြောသည်မဟုတ်။-