တမန်တော်ဝတ္ထု 28:23
ထိုသူတို့သည်ရက်ချိန်းပေးကြ၏။ ချိန်းသည့်နေ့ ၌ ပေါလုတည်းခိုရာသို့လူအမြောက်အမြား လာရောက်ကြ၏။ ပေါလုသည်နံနက်မှညနေ ချမ်းတိုင်အောင် ဘုရားသခင်၏နိုင်ငံတော်ဆိုင် ရာတရားတော်အကြောင်းကိုရှင်းလင်းဖော် ပြ၏။ သခင်ယေရှု၏အကြောင်းတော်ကိုလည်း မောရှေ၏ပညတ်ကျမ်းနှင့်ပရောဖက်ကျမ်း များမှကောက်နုတ်ကာ ထိုသူတို့နားလည် သဘောပေါက်လာစေရန်ကြိုးစား၍ဟော ပြော၏။
Common Language Bible
In The King James Version
In Context
Cross References
Luke 24:44ထိုနောက်ကိုယ်တော်က ``မောရှေ၏ပညတ်ကျမ်း၊ ပရောဖက်ကျမ်းများနှင့်ဆာလံကျမ်းတွင်ငါ ၏အကြောင်းနှင့်ပတ်သက်၍ဖော်ပြထားသည့် အမှုအရာများသည်ဖြစ်ပျက်ရမည်ဟူ၍ သင် တို့နှင့်အတူရှိစဉ်အခါကငါပြောခဲ့၏။ ငါ ပြောခဲ့သည့်အတိုင်းယခုဖြစ်ပျက်လျက်ရှိ၏'' ဟုမိန့်တော်မူ၏။
Acts 8:35ဖိလိပ္ပုသည်ထိုကျမ်းပိုဒ်နှင့်ပင်အစပြု၍ သခင်ယေရှုအကြောင်းသတင်းကောင်းကို ဟောပြောလေ၏။-
Acts 18:4ယုဒအမျိုးသားနှင့်ဂရိအမျိုးသားများ နားလည်သဘောပေါက်လာကြစေရန် သူသည် ဥပုသ်နေ့တိုင်းတရားဇရပ်တွင်တရားဆွေး နွေး၏။
Acts 19:8ပေါလုသည်သုံးလတိုင်တိုင်တရားဇရပ်တွင် အချေအတင်ဆွေးနွေးကာဘုရားသခင်၏ နိုင်ငံတော်အကြောင်း လူတို့နားလည်သဘော ပေါက်လာစေရန်မကြောက်မရွံ့ဘဲဟော ပြော၏။-
Acts 26:6ဘုရားသခင်သည်အကျွန်ုပ်တို့၏ဘိုးဘေး များအားထားတော်မူသည့်ကတိတော်ကို အကျွန်ုပ်မျှော်လင့်စောင့်စားသည့်အတွက် ယခုအခါအကျွန်ုပ်သည်အစစ်အဆေး ခံနေရပါ၏။-
Philemon 1:2ငါတို့နှမအပ္ပိ၊ ငါတို့၏ရဲဘော်စစ်သည်တော် အာခိပ္ပုနှင့် သင်၏အိမ်တွင်စုဝေးသည့်အသင်း တော်ဝင်တို့ထံသို့လည်းကောင်းစာရေးလိုက် ပါသည်။