ကောရိန္တုဩဝါဒစာပထမစောင် 14:26
ညီအစ်ကိုတို့၊ ငါဆိုလိုသည်မှာဤသို့တည်း။ ကိုးကွယ်ဝတ်ပြုရန်သင်တို့စုဝေးကြသော အခါတစ်ယောက်ကသီချင်းဆိုခြင်း၊ နောက် တစ်ယောက်ကသွန်သင်ခြင်း၊ နောက်တစ်ယောက် ကဗျာဒိတ်တော်ကိုပြန်ကြားခြင်း၊ နောက် တစ်ယောက်ကထူးဆန်းသောဘာသာစကား ဖြင့်ပြောဆိုခြင်း၊ နောက်တစ်ယောက်ကအနက် အဋ္ဌိပ္ပါယ်ဖော်ပြခြင်းတို့ကိုဆောင်ရွက်ကြ လော့။ သင်တို့ဆောင်ရွက်သမျှသောအမှုတို့ သည်အသင်းတော်ဝင်အပေါင်းအားအကျိုး ပြုရမည်။-
Common Language Bible
In The King James Version
In Context
Read all of ကောရိန္တုဩဝါဒစာပထမစောင် 14
Cross References
Romans 14:19သို့ဖြစ်၍ငြိမ်းချမ်းစွာနေထိုင်မှုကိုပြုစု ပေးမည့်အရာများနှင့်တစ်ယောက်ကိုတစ် ယောက် ဝိညာဉ်ခွန်အားပြည့်စေမည့်အရာ များကိုအမြဲကြိုးစားပြုလုပ်ကြရမည်။-
1 Corinthians 14:4ထူးဆန်းသောဘာသာစကားအမျိုးမျိုးဖြင့် ပြောဆိုသူသည် မိမိအကျိုးကိုပြုစု၏။ နှုတ် ကပတ်တရားတော်ကိုဟောပြောသောသူမူ ကား အသင်းတော်တစ်ခုလုံး၏အကျိုးကို ပြုစု၏။
1 Corinthians 14:27ထူးဆန်းသောဘာသာစကားဖြင့်ပြောမည် ဆိုပါကနှစ်ယောက်ဖြစ်စေ၊ အများဆုံးသုံး ယောက်ဖြစ်စေအလှည့်ကျပြောစေလော့။ ထို နောက်လူတစ်ယောက်ကအနက်အဋ္ဌိပ္ပါယ် ပြန်ပါစေ။-
2 Corinthians 12:19ငါတို့သည်ယခုတစ်ချိန်လုံးမိမိတို့ကိုယ် ကိုကွယ်ကာပြောဆိုလျက်နေကြသည်ဟု သင်တို့ထင်ကောင်းထင်ကြလိမ့်မည်။ ငါတို့ သည်ထိုသို့ပြောဆိုနေခြင်းမဟုတ်။ ခရစ် တော်သွန်သင်ပေးသည့်အတိုင်းဘုရား သခင်ရှေ့တော်မှောက်တွင်ပြောဆိုနေခြင်း သာဖြစ်၏။ ချစ်သူတို့၊ ငါတို့ပြုသမျှ သောအမှုအရာတို့သည်သင်တို့၏ အကျိုးအတွက်ဖြစ်ပေသည်။-
Ephesians 4:12ဤသို့ပြုတော်မူခြင်းမှာခရစ်တော်၏ကိုယ်ခန္ဓာ တော်ကိုတည်ဆောက်ခြင်းအလို့ငှာ ဘုရားသခင် ၏လူစုတော်ဝင်အပေါင်းအားအမှုတော်ဆောင် ရွက်ခြင်းအတွက်အသင့်ပြင်ဆင်ပေးရန်ပင်ဖြစ် ပေသည်။-
Ephesians 4:29ညစ်ညမ်းသည့်စကားတစ်ခွန်းကိုမျှသင်တို့နှုတ်မှ မထွက်စေနှင့်။ သူတစ်ပါးတို့အားအကျိုးရှိစေမည့် စကား၊ အပြုသဘောပါသည့်စကားကိုသာ ပြောကြားကြလော့။ သို့မှသာလျှင်သင်တို့၏စကား ကိုကြားကြသူတို့သည်အကျိုးကျေးဇူးခံစား ရလိမ့်မည်။-